မြင်းခွာရွက် ဟင်းချို
*******************
အိုးထဲရေထည့် ရေဆူအောင်တည်ပါ။
ရေဆူလာရင် ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်
အရသာထည့်
ငရုတ်ကောင်းမှုန့် ( ကြိုက်ရင်ခပ် )
အိုးမချခင် မြင်းခွာရွက်လေး ထည့်ပါ။
မြင်းခွာရွက် ဟင်းခါး
*******************
အိုးထဲရေထည့် ရေဆူအောင်တည်ပါ။
ရေဆူလာရင် ဘူးသီးလေး ပါးပါးလှီးထည့်
ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်
အရသာထည့်
ငရုတ်ကောင်းမှုန့် ( ကြိုက်ရင်ခပ် )
အိုးမချခင် မြင်းခွာရွက်လေး ထည့်ပါ။
🌿 မန်ကျည်းရွက် ဟင်းချို
*************************
အိုးထဲ ရေထည့် ပြီး ရင်
ကြက်သွန်နီ ပါးပါးလှီးထည့်
ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်
အရသာမှုန့် & ငံပြာရည်ထည့်၍
ဆူအောင်တည်ပါ။
ကြက်သွန်ဖပ်လေးတွေ နူးရင်
မကျီးရွက်လေးခပ်ပြီး ခဏနေရင် ရပါပြီ။
ဆူးပုပ် ကုလားပဲ ဟင်းချို
************************
ကုလားပဲဆန်လေး ပြုတ်ပီးထောင်းကာ ရေရော၍
မီးဖိုပေါ်တင်ပီး ဆူပွက်လာအောင်ကျိုပါ။
ကြက်သွန်ဖြူကို တပြားရိုက် ဆီသတ်ကာ
ပဲဟင်းအိုးထဲထည့်ပါ။
အချို အငံ အရသာထည့်ပါ။
ဆုးပုပ်ရွက်လေး ခပ်ပီး အိုးချပါ။
Credit

إرسال تعليق