ဟန်သာရှိပြီး အဆန်မရှိ

ဟန်သာရှိပြီး အဆန်မရှိ


ဒီမနက် စာဖတ်ရင်း တွေ့တဲ့ စိတ်ဝင်စားစရာ အသုံးကောင်းလေးတစ်ခုကတော့ "all hat and no cattle" တဲ့။
အမေရိကန်တွေ သုံးတတ်ကြတဲ့ idiom တစ်ခုပါ။
ဒီမှာ hat ဆိုတာ cowboy တွေ၊ cattle rancher တွေ ဆောင်းတတ်ကြတဲ့ ဦးထုပ်မျိုးပေါ့။ ဟန်နဲ့ ပန်နဲ့ စတိုင်ကျကျ cowboy hat ကြီးကိုဆောင်းထားပေမဲ့ အဲဒီလူဟာ တကယ်တော့ cowboy မဟုတ်ဘူး၊ ဦးထုပ်ကြီးသာ ဟန်ပြဆောင်းထားတာ၊ no cattle သူ ထိန်းကျောင်းတဲ့၊ မွေးထားတဲ့ နွားတွေ မရှိပါဘူးတဲ့။

ဟန်ပြ၊ ဟန်ဆောင်ထားတာ၊ အပြောကတော့ ရွှေမန်းပဲ၊ အပြောကြီးပြီး လက်တွေ့အဖြစ်မရှိသူ၊ ဟန်သာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်မျိုးကို all hat and no cattle လို့သုံးပါတယ်။

all hat and no cattle = full of talk that is more impressive than that which one actually possesses or is able to do

He talks as though he knows more than anyone else, but he's all hat and no cattle.
ပြောလိုက်ရင်တော့ သူဟာ သူများထက် ပိုသိတဲ့ ပုံမျိုးနဲ့၊ တကယ်က သူဟာ လက်တွေ့ အဖြစ်မရှိသူပါ။

On this issue, western leaders are all hat and no cattle.
ဒီကိစ္စမှာတော့ အနောက်နိုင်ငံများရဲ့ ခေါင်းဆောင်တွေဟာ သင်္ကြန်အမြောက်တွေပါပဲ။

all hat and no cattle နဲ့အတူ တွဲမှတ်သင့်တဲ့ ဆင်တူယိုးမှား နောက် expression တစ်ခုကတော့ all cry and no wool ပါ။ တစ်ညလုံး ကတော်တဲ့ကြက် ဥတော့ တစ်လုံး ဆိုသည့်ပမာ အရေးမကြီးတဲ့ ကိစ္စလေးကို အသံတွေအကျယ်ကြီးထွက်၊ အော်ဟစ် ပုံကြီးချဲ့နေကြပြီး လက်တွေ့ ဘာမှမဖြစ်လာတာမျိုးကို ရည်ညွှန်းတာပါ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
December 23, 2022

Post a Comment

Previous Post Next Post

Comments