"English Speaking" စကားပြောအတွက် အားဖြည့်ဝါကျများ

"English Speaking" 
စကားပြောအတွက် အားဖြည့်ဝါကျများ (၈)


 191. Here's a little something for your birthday.
ဒီမှာ မင်းအတွက် မွေးနေ့လက်ဆောင်လေး။

 192. No wonder you're still single—you never go out!
မင်း ခုထိ အိမ်ထောင်မကျသေးတာ ဘာအံ့ဩစရာရှိသလဲ၊ အပြင်မှ မထွက်တာကိုး။

 193. The movie is now showing at all major movie theaters.
ဒီရုပ်ရှင်ကို အခု ရုံကြီးတွေအားလုံးမှာ ပြနေပါတယ်။

 194. She stayed at home, afraid to show her face.
လူပုံအလယ်မှာ မျက်နှာမပြဝံ့လို့ သူ အိမ်မှာပဲနေခဲ့တယ်။

 195. That dress shows off her figure.
ဒီဝတ်စုံဟာ သူ့ရဲ့ကိုယ်လုံးအလှကို ပေါ်လွင်စေတယ်။

 196. I'm sorry it's such short notice—we didn't know ourselves until today.
(စောစောကကြိုမပြောဘဲ) အနီးမှကပ်ပြောသလိုဖြစ်သွားလို့ တောင်းပန်ပါတယ်၊ ငါတို့လည်း ဒီနေ့မှ သိလို့ပါ။

 197. He is a big, strong guy but short on brains.
သူက ဗလကောင်းကောင်း၊ လူကောင်ကြီးကြီး၊ ဒါပေမဲ့ ဦးနှောက်တော့ နည်းတယ်/သေးတယ်။

 198. She is hard to please.
သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးရခက်တယ်။ (ဘာပဲလုပ်ပေးပေး စိတ်တိုင်းမကျဘူး)

 199. He's hard at work on a new novel.
သူက ဝတ္ထုအသစ်ကို အသည်းအသန်ကြိုးစားရေးနေတယ်။

 200. She turns 21 in June.
သူ ဇွန်လမှာ အသက် ၂၁ နှစ်ဖြစ်ပြီ။

 201. You do what I tell you to, no questions asked.
မင်း ငါ ခိုင်းတာသာလုပ်၊ ဘာမေးခွန်းမှ မမေးနဲ့။

 202. Who were you talking to just now?
မင်း စောစောက ဘယ်သူနဲ့ စကားပြောနေတာလဲ။

 203. We'll discuss it over lunch.
ငါတို့ ဒီကိစ္စကို နေ့လယ်စာစားရင်း ဆွေးနွေးကြမယ်။

 204. The teacher had no control over the children.
ဆရာမက ကလေးတွေကို မထိန်းနိုင်ဘူး။

 205. He lied about having a university degree.
သူဟာ တက္ကသိုလ်က ဘွဲ့မရဘဲနဲ့ ရတယ်လို့ လိမ်ထားခဲ့တယ်။

 206. There's a time to work and a time to play.
အလုပ်ချိန် ကစားချိန် သီးသန့်ခွဲထားရပါတယ်။

 207. France are playing against England on Saturday.
စနေနေ့မှာ ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားကြမယ်။

 208. Didn't you hear what I said?
ငါပြောလိုက်တာကို မင်း မကြားဘူးလား။

 209. Things are going well from what I hear.
ကြားရတဲ့အတိုင်းဆိုရင်တော့ အားလုံးအဆင်ပြေနေပါတယ်။

 210. Give me some time to decide.
ငါ့ကို ဆုံးဖြတ်ဖို့ အချိန်နည်းနည်းပေးပါ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
December 23, 2022

Post a Comment

Previous Post Next Post

Comments