ဝက်မွန်ချက်
အဖွားလက်ထက်ကနေအမေ အမေကနေသားဆီလက်ဆင့်ကမ်း ပါဝင်ပစ္စည်းနဲ့ချက်နည်းကတော့တဖြည်းဖြည်းလွဲလာတယ်ထင်တာဘဲ ဝက်သား၊ပဲငံပြာရည်အပြစ်အကျဲ၊ငါးပိ၊သကြား၊ငရုတ်သီးမှုန့်၊ဆနွင်း၊သရက်သီးသနပ်၊ဆားနည်းနည်း၊ကြက်သွန်ဖြူဂျင်းနည်းနည်း၊ဆီ၊မဆလာနည်းနည်းကိုလုံးချက် ရေခန်းရင်မန်ကျည်းအရည်လေးနည်းနည်းထည့် ရပီဆိုရင်ကြက်သွန်နီဥအသေးလေးတွေထည့်ပီးဆီပြန်ရင်ရပါပီ ၃/၄/၅ရက်အထားခံတယ် မသိုးဘူး ကြာလေကောင်းလေဘဲနေ့တိုင်းတော့မနက်ဆိုရင်နွှေးပေးပါ ပဲနီလေးဟင်းချိုနဲ့လိုက်ပါတယ်
Credit Myo Gyi

Post a Comment