စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။ 


နည်းပညာ၏သဘောသဘာ၀ (  The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။ 

"Every technology creates a new problem in place of the one it solves" .. တဲ့။ 

" အခက်အခဲပြဿနာတစ်ခုကို ဖြေရှင်းဖို့ဖန်တီးထွက်ပေါ်လာတဲ့ အရာ (နည်းပညာ) တစ်ခုက နောက်ထပ်ပြဿနာတွေကို ဖြစ်ပေါ်စေတယ်" .. ဆိုပဲ။ 

⚙ ဓတ်ဆီ ဒီဆယ်အင်ဂျင်တွေက ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးရဲ့အခက်အခဲ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတယ်။ .. အဲဒီ အင်ဂျင်ကပဲ .. အဆိပ်အသောက်ဖြစ်နိုင်တဲ့ မီးခိုးငွေ့ထုတ်လွတ်တဲ့ ပြဿနာ ကို ထပ်ဖြစ်စေခဲ့တယ်။ 

⛔ Chemical Pesticides  ပိုးသတ်ဆေး နဲ့ဓတ်မြေသြဇာ တွေက စိုက်ပျိုးရေးရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ဖွံ့ဖြိုးစေခဲ့တယ်၊ .. အဲဒီ ပိုးသတ်ဆေးနဲ့ကမ်မီကယ်ဆေးတွေကြောင့် Organic  သြဂဲနစ် အသီးအနှံ တွေကို ရှားပါးစေခဲ့တယ်။ 

🥚 ဆေးဝါးတွေကြောင့် ကြက် ဝက်တွေရဲ့အသားဖွံ့ဖြိုးတိုးတက်မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ဈေးကွက်လိုအပ်ချက် အတိုင်း တိုးမြင့်ထုတ်လုပ်နိုင်ခဲ့ကြတယ်။ .. အဲဒီ ဆေးဝါးတွေကြောင့်ပဲ သဘာဝအတိုင်းမွေးမြူထားတဲ့ ဗမာကြက် ဝက် နဲ့ ကြက်ဥ တွေကို ရှားပါး တန်ဖိုးတက်စေခဲ့တယ်။ 

📱 စမတ်ဖုန်းတွေကြောင့် ဆက်သွယ်ရေးကဏ္ဍ ရဲ့အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး လူသားအချင်းချင်း ဆက်သွယ်မှု မြင့်တက်လာခဲ့တယ်။ .. အဲဒီ ဖုန်းနည်းပညာကြောင့် ပဲ ကိုယ်ပိုင်အချိန်တွေကို နှောင့်ယှက်ခံရပြီး အာရုံစိုက်နိုင်မှုတွေရှားပါလာခဲ့တယ်။ 

🚯 ပလတ်စတစ် တွေကြောင့် ထုတ်ပိုးသယ်ယူပို့ဆောင်ရေး အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး အရည်တွေကို မဖိတ်မစင် သယ်ယူထုတ်ပိုးလာနိုင်ခဲ့ကြတယ်။ .. အဲဒီ ပလတ်စတစ်တွေကပဲ မြေထုညစ်ညမ်းမှု နဲ့ ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှု ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့တယ်။ 

ဒါကြောင့် ကောက်ချက်ဆွဲ လို့ရတဲ့ အတွေးအခေါ်တစ်ခု က .. 

👉" အခက်အခဲတစ်ခု ကို ဖြေရှင်းဖို့လုပ်ထားတဲ့အရာတစ်ခု က နောက်ထပ်ပြဿနာကို အမြဲဖြစ်စေတယ်" ... ဆိုတဲ့ အတွေးအခေါ်ယူဆချက်ပါပဲ။ 

ဒါကြောင့်  .. ပြဿနာ ဆိုတာ အမြဲရှိနေမှာပါပဲ။ ✅

ဖန်တီးထုတ်လုပ်မှု တွေရှိနေသ၍ .. ပြဿနာ ဆိုတာ အမြဲ ရှိနေမှာပါပဲ။ 

ပြဿနာ ရှိရင် ..  အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အခွင့်အလမ်း ဆိုတာ အမြဲ ရှိနေမှာပါပဲ။ 

အခွင့်အလမ်းတွေ ရှိနေသ၍  .. စီးပွားရေးအိုင်ဒီယာ နဲ့လမ်းကြောင်း အခွင့်အရေး တွေ ရှိနေဦးမှာပါပဲ။ 

အဓိကယုံကြည်ထားရမှာကတော့ ..  

စီးပွားရေး အခွင့်အရေးသစ်တွေ ဆိုတာ အမြဲ ရှိပါတယ်။

လုပ်ငန်းတစ်ခု အနေနဲ့ဘယ်အခွင့်အလမ်း ကို ဖမ်းဆုပ်မလဲ၊ ဘယ်လို ပြသနာမျိုးကို ဖြေရှင်းပေး ပြီး လူမှုအသိုင်းအဝိုင်းကို ကောင်းမွန် သက်ရောက်မှုရှိအောင်လုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ ပဲ မူတည်ပါတယ်။ 💡

#မာသင်
In search of Impactful Existence

Post a Comment

أحدث أقدم

Comments