ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်..

☆ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်..
What’s on your mind ❓ တဲ့ ။ 


ဘာတွေတွေးနေလဲ .. ပေါ့။ 

☆တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက ...What’s happening ❓ တဲ့ ။ 
ဘာတွေဖြစ်နေလဲ .. ပေါ့။ 

☆ပင်းထရတ် (Pintrest ) ကို ဖွင့်လိုက်ရင် .. မေးခွန်းက .. 
What are you into these days ❓ တဲ့။ 
ဒီရက်ပိုင်းဘာတွေ စိတ်နစ်ပြီး လှုပ်ရှားနေလဲ..  ပေါ့။ 

☆ယူကျူ့ (youtube) ဖွင့်ကြည့်ပြီး ..  ဗွီဒီယိုတွေကြည့်တော့ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုမေးမိတယ်။ 
What are you working on ❓
ဘာတွေကြိုးစားလုပ်ဆောင်နေသလဲ..  ပေါ့။ 

စဉ်းစားမိတယ်.. 

ဖေ့ဘုတ်ပွတ်နေတဲ့ ငါ ... ကိုယ့်ကိုမေးတဲ့ မေးခွန်းတွေကို ကိုယ်ဘာသာကိုယ် မဖြေပဲ၊ သူများတွေ ဖြေပြီး တင်ထားတဲ့ ပိုစ့်တွေကို အချိန်ကုန်ခံလိုက်ကြည့်ပြီး  အားကျလိုက်၊ ငါလဲသူ့လို ဖြစ်ချင်လိုက်တာ လို့တွေးလိုက်၊ သူတို့ဘယ်လိုများကြိုးစားလို့ဒီလောက် Like  တွေ Follower  တွေများနေတာပါလိမ့်လို့တွေးလိုက်နဲ့.  ငါ့ ဖေ့ဘုတ် ကို ဘယ်လို အကောင်းဆုံး မားကက်တင်း လုပ်ရမလဲ လို့တွေး နေမိတယ်.. ။

အမှန်တော့ ..  ရှင်းရှင်းလေး ..  မေးခွန်းကို ဖြေလိုက်ယုံပဲ။ 

ဒီ မေးခွန်း (၄) ခု ကို နေ့တိုင်းဖြေတတ်ရင် ကိုပဲ တော်တော် ကောင်းတဲ့ မားကက်တင်းဖြစ်နေပြီ ။ 

1. What’s on your mind ❓ဘာတွေ တွေးနေလဲ ၊ ဘာတွေ ပြောစရာရှိလဲ ပေါ့ ? 
   
2. What’s happening ❓ လက်ရှိ ဘာတွေ ဖြစ်နေလဲ ? 
   
3. What are you into these days ❓ ခုရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲ ?
   
4. What are you working on ❓ ဘာတွေ ကြိုးစားလုပ်ဆောင်နေသလဲ ?  

မေးခွန်းတွေကတော့ ကောာင်းတယ်ဗျာ။ 

နေ့တိုင်း ဖြေပြီး တင်နေယုံပဲ။ 

✨"ရိုးရိုးရှင်းရှင်း မားကက်တင်း" ✨လို့တောင် နာမည်ပေးလိုက်ချင်ရဲ့ .. .

ဒါကြောင့် ..  အကျိုးရှိမယ့်အရာလေးတစ်ခု ပြောမယ်ဗျာ၊

ကိုမာသင် ရေ... ဖေ့ဘုတ်မှာ Follower  တွေ၊ Like  တွေများချင်လို့.. ဘယ်လို မားကက်တင်း လုပ်ရမလဲ ? ... လို့ မေးလာခဲ့ရင် ... လို.တို.ရှင်း လေးဖြေပါရစေ၊ 

မေးခွန်း တွေဖြေလိုက်! ... လို့ ။ 

ရိုးရိုးရှင်းရှင်း မားကက်တင်း ပါပဲ။ 

အမှန်တော့ .. 

အရိုးရှင်းဆုံး ... ဆိုတာ အကောင်းဆုံး မားကက်တင်း ပါပဲဗျာ။  ။ 

 #မာသင်
In Search of Impactful Existence

Post a Comment

أحدث أقدم

Comments