📍အမေး။
မျက်စိစွေနေတာကို အင်္ဂလိပ်လို အသုံးပြောပြပေးပါ ဆရာ။
❤️အဖြေ။
cross-eyed ဆိုတဲ့ adjective ကိုသုံးနိုင်ပါတယ်။
cross-eyed = မျက်စိစွေသော။
a cross-eyed girl = မျက်စိစွေနေသော မိန်းကလေး
The photograph makes him look cross-eyed.
ဒီဓာတ်ပုံထဲမှာ သူက မျက်စိစွေသလိုဖြစ်နေတယ်။
cross-eyed အပြင် boss-eyed, squint-eyed, squinty-eyed စသည့် adjective များကိုလည်း သုံးနိုင်တယ်။ adjective မို့လို့ eye မှာ ed ပါတာကို သတိပြုပါ။
squint-eyed ဆိုတဲ့ adjective ထဲက squint (noun) ဟာလည်း မျက်စိစွေခြင်းလို့ အဓိပ္ပာယ်ရတယ်။
He was born with a squint.
သူက မွေးရာပါ မျက်စိစောင်းနေတာ။
မျက်စိစွန်တာကတော့ sty သို့မဟုတ် stye လို့လည်း စာလုံးပေါင်းတယ်။
မျက်စိနာတာကတော့ sore eyes ပါ။
sore eyes ကို eyesore နဲ့ မရောမိစေဖို့ သတိပြုပါ။
eyesore (noun) ကတော့ မျက်စိနောက်စရာမြင်ကွင်း၊ ကြည့်ရ ရုပ်ဆိုးတာ၊ မျက်စိစပါးမွေးစူးစရာ၊ စသည့်အဓိပ္ပာယ်များဖြစ်ပါတယ်။
📍အမေး။
ဆရာရှင့် မင်္ဂလာပါ ဆရာရေးတဲ့စာတွေကို နေစဉ့်လေ့လာပါတယ်ရှင်။
မဲနှိုက်လို့ တစ်ခုခုလုပ်ရန် မဲကျတာကို အင်္ဂလိပ်လို ဘယ်လိုရေးပါသလဲရှင်
❤️ အဖြေ။
မဲနှိုက်သည်= to draw lots
မဲကျသည်၊ မဲပေါက်သည်
You are chosen by lot.
မင်းမဲကျတယ်။ (မဲနှိုက်ပြီး မင်းအရွေးခံရတာ)
I was chosen by lot.
ငါမဲပေါက်တယ်။
to be chosen by lot (lot မှာ s မပါဘူး)
We should decide who will have to do this work by drawing lots.
ဒီအလုပ်ကို ဘယ်သူလုပ်ရမယ်ဆိုတာကို ငါတို့ မဲနှိုက်ပြီး ဆုံးဖြတ်သင့်တယ်။
to decide by drawing lots (lot မှာ s ပါတယ်)
lottery ကတော့ ထီ
lottery winner ထီပေါက်သူ
to win the lottery / win a prize in lottery ထီပေါက်သည်
buy lottery tickets ထီထိုးသည်
lottery results ထီပေါက်စဉ်
draw a lottery ထီဖွင့်သည်
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

إرسال تعليق