ဘယ်လိုသားသမီးမျိုးလဲ What kind of children are you?

ဘယ်လိုသားသမီးမျိုးလဲ
What kind of children are you?


သင်ဟာ ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို အမြဲသတိတရရှိနေသူလား။
Are you the sort of person who is always aware of the gratitude of parents who have given you life, a good upbringing and education? 

ဆပ်မကုန်နိုင်တဲ့ မိဘကျေးဇူးကို နေ့စဥ် ရသလောက်လေး ကျေးဇူးပြန်ဆပ်ဖို့ အားထုတ်နေသူလား။
Notwithstanding the tremendous debt of parental gratitude,do you try to pay back to them in any way you can on a daily basis?

ကိုယ့်မှာရှိတာ မရှိတာအပထား အိုမင်းမစွမ်း မိဘတွေ မကြောင့်မကြနေနိုင်ရအောင် ထောက်ပံ့ပေးတတ်သူလား။
Regardless of your financial constraints, do you support your aging and ailing parents financially so that they could live comfortably?

ကိုယ့်မှာရှိတာကို မိဘမသိအောင် လျှို့ဝှက်ထားတတ်တဲ့သူလား။
Are you the one who hides your wealth a secret from your parents?

ကမ္ဘာလဆန်းတရက်နေ့ကျရင်တော့ မိဘကို ပေးမယ် ဆိုတဲ့ သားသမီးမျိုးလား။
Or are you the son or daughter who intends to give to your parents once in a blue moon?

အခုလည်း သူတို့ အဆင်ပြေနေကြတာပဲလေ၊ ငါ မပေးလည်း ရသေးတာပဲလို့ ဆင်ခြေပေးတတ်သူလား။
“Somehow they are doing OK now; it doesn’t matter even if I don’t give them.” Are you the one who comes up with such excuses?

ဟာဗျာ၊ ကျွန်တော်က ရှေ့နှစ် ပိုက်ဆံတွေအများကြီးနဲ့ ကန်တော့ဖို့ စိတ်ကူးထားတာ၊ အဖေက အသေစောလိုက်တာလို့ နောင်တရချင်သူလား။
“Gee! I’ve been thinking about giving you a lump sum of money next year. Dad, you passed too soon!” Would you like to regret so?

မိဘတွေရဲ့ရင်ထဲရှိတာကတော့ သားသမီးတွေ ပြန်ကျေးဇူးမဆပ်ရင်နေပါ၊ မိဘရယ်လို့ အမှတ်ရနေရင်ပဲ ကျေနပ်နေကြတာပါ။
What parents have in their mind is it’s all right even if their children fail to repay them; they are more than happy as long as their children remember them.

လူငယ်တွေ အဂ်လိပ်စာ ဝါကျရေးနည်း၊ ဘာသာပြန်ပုံ လေ့ကျင့်ကြရင်း မိဘကျေးဇူးဆပ်ဖို့ မမေ့ကြဖို့။
 
Photo Credit to the original uploader

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

أحدث أقدم

Comments