Don't go broke, trying to look rich.
Act your wage.
ဒီစကားလေးက ဘာကို သတိပေးထားတာလဲ
"သူဌေးဂိုက်ဖမ်းချင်လို့
ပိုက်ဆံကုန်အောင်မဖြုန်းနဲ့
ရှာနိုင်တာထက်မဖြုန်းနဲ့"
broke= ပိုက်ဆံပြတ်နေသော၊ ဘိုင်ကျသော
I am broke a week before the end of the month.
လမကုန်ခင်တစ်ပါတ်ဆိုရင် ငါဘိုင်ကျနေပြီ။
wage= လုပ်ခ၊ ကိုယ်အလုပ်လုပ်၍ရသောငွေ
act= behave
act your age= ကိုယ့်အသက်နဲ့လိုက်ဖက်အောင်ပြုမူနေထိုင်ပါ
You are still playing with these toys!? Come on, act your age.
မင်းဒီအရုပ်တွေနဲ့ ဆော့တုန်းလား၊ အသက်လည်းကြီးနေပါပြီကွာ။
act your wage= ကိုယ်ရှာနိုင်သလောက်နဲ့အဆင်ပြေအောင်သုံးပါ။ မတတ်နိုင်တာတွေမဖြုန်းနဲ့
I won't buy expensive clothes. I try to live within my means. I do act my wage.
စျေးကြီးတဲ့ အဝတ်တွေမဝယ်ဘူး။ ကိုယ့်ရှိသလောက်နဲ့ လောက်ငှအောင်စည်းကမ်းနဲ့သုံးတယ်။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

إرسال تعليق