ဒီနေ့မနက် ငါးကြင်းဆီပြန်
ကန်စွန်းရွက်ကြော် ပဲပြားသုပ်
ကြက်သဟင်းရွက်ဟင်းချို
ငါးကြင်းခုတ်သားတုံးထားတာကိုသန့်စင်ရေဆေးပြီးဆား
နနွင်းအချိုမှုန့်နှင့်နယ်ထားပါ
အိုးတလုံးမှာဆီသင့်ရုံထည့်
အပူပေးပြီးကြက်သွန်နီစင်းလှီးထားတာထည့်ပါ နွှမ်းလာအောင်ဆီသပ်ပြီးနနွင်းမှုန့်
ငရုတ်သီးအစိမ်းမှုန့်ထည့်ကာမွှေပေးပါ ရေနဲနဲချင်းထည့်၍
အနှစ်ကျအောင်ကြာကြာလေးဆီသပ်ပါ ရွှေလှေငံပြာရည်
အချိုမှုန့်နဲနဲထည့်ပါ မန်ကျည်း
ရည်ဖျော်ထားတာထည့်ပါ
မွှေပေးပါ ငါးနယ်ထားတာ
ထည့်ပါ ဆူအောင်တည်ထားပြီးငါးကျက်ရင်အရသာမြည်း
ကြည့်ပါ အနေတော်ဆိုရင်
နံနံပင်ရေဆေးထားတာဖြတ်
ထည့်ပါ ငါးကြင်းဆီပြန်ဟင်းရပါပြီ
ကန်စွန်းရွက်ကိုချွေပြီးသန့်စင်ရေဆေးကာစကာနှင့်ရေစစ်ထားပါ ဒယ်အိုးတလုံးမှာဆီ
သင်ရုံထည့်အပူပေးပြီးဆားနဲနဲထည့်ကာကြက်သွန်ဖြူစင်းလှီးထားတာထည့်ပြီးဆီသပ်ပါ
အနံ့မွှေးလာရင်ကန်စွန်းရွက်ထည့်ပါ အချိုမှုန့်နဲနဲထည့်ပြီး
မွှေပေးပါ ကန်စွန်းရွက်နွှမ်းရင်
အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကန်စွန်းရွက်ကြော်ရပါပြီး
ပဲပြားကိုခပ်ထူထူလှီးပြီးဆားအချိုမှုန့်နဲနဲလူးကာကျက်နေအောင်ကြော်ပြီးပြန်လှီးကာ
ဇလုံးတခုမှာထည့်ပါ ကြက်သွန်နီတဥလောက်ပါးပါးလှီးထည့်ပါ မန်ကျည်းရည်
ပျစ်ပျစ်ဖျော်ထားတာထည့်ပါ
ငံပြာရည် အချိုမှုန့်နဲနဲထည့်ပါ
ပုဇွန်ခြောက်မှုန့် ငရုတ်သီးအကျက်မှုန့်ထည့်ပါ နံနံပင်လှီးထားတာထည့်ပါ ကြက်သွန်
ဖြူဆီချက် ကြက်သွန်နီဆီချက်ထည့်ပါ ဖွဖွလေးနယ်ပါ အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ပဲပြားသုပ်ရပါပြီ
အိုးတလုံးမှာရေချိန်ဆထည့်ပြီးငပိစိမ်းစား ပုဇွန်ခြောက်မှုန့်
ထည့်ကာကြက်သွန်နီတဥစင်းလှီထည့်ပါ ဆီနဲနဲလေးထည့်ပြီးဆူအောင်တည်ပါ အမြုပ်တက်လာတာခပ်ပြစ်ပါ ကြက်သဟင်းရွက်ကိုရေဆေးပြီး
ချွေထည့်ပါ ဆားအချိုမှုန့်
ငံပြာရည်ထည့်ပါ အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ကြက်သဟင်းရွက်ဟင်းချိုရပါပြီ
စားကောင်းကြပါစေ
Credit U kyaw Shwe

إرسال تعليق