ဒီနေ့မနက် အမဲနှပ်ဟင်း
ငရုတ်သီးဆားထောင်း
သီးစုံပဲကုလားဟင်းပါ
အမဲပေါင်သား ၂၀ သားက ၃၀၀၀ ကျပ်ပါ အမဲသားကိုအပြားလိုက်တုံးပြီးဗင်နီကာနဲနဲ
ဆား နနွင်း အချိုမှုန့် ဇီယာစေ့အမှုန့် မဆာလာမွှေးအမှုန့်နှင့်သမအောင်နယ်ပြီးထားပါတယ်
အိုးတလုံးမှာဆီသင့်ရုံထည့်အပူပေးပြီးကြက်သွန်နီစင်းလှီးထားတာ ချင်းကြက်သွန်ဖြူကြိတ်ထားတာထည့်ပါ ပျဥ်တော်သိမ်ရွက်
သစ်ဂျပိုးခေါက် ကရဝေးရွက်ပါထည့်ပါ အနံ့မွှေးအောင်ဆီသပ်ပြီးနနွင်းမှုန့် ငရုတ်သီး အစိမ်းမှုန့်ထည့်ပါ အနှစ်ကျအောင်ဆီသပ်ပြီးအမဲသားနယ်ထားတာထည့်ပါ ဆီပြန်လာ
အောင်မွှေပေးပြီးရေမြုပ်
အောင်ထည့်ပါ ဆူအောင်တည်ထားပြီးအပေါ်တက်လာ
တဲ့အမြုပ်တွေခပ်ပြစ်ပါ ရေခမ်းရင်ရေထပ်ထည့်ပါ ဆား
အချိုမှုန့်နဲနဲထပ်ထည့်ပါ
အသားနူးအောင်တနာရီခွဲ
လောက်ချက်ရပါတယ်
အသားနူးပြီးရေခမ်းဆီပြန်လာရင်အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ဇီယာစေ့
အမှုန့် မဆလာမွှေးဖြူးပြီးချပါ
အမဲနှပ်ဟင်းရပါပြီ
ငရုတ်သီးအကျက်မှုန့်ကိုဆုံ
ထဲထည့် ဆားအချိုမှုန့်နဲနဲ
ထည့် ကြက်သွန်ဖြူပါထည့်ပြီး
ညက်ညက်ထောင်းရင်ငရုတ်သီးဆားထောင်းရပါပြီးပန်းကန်ထဲခပ်ထည့်ပြီးဆီနဲနဲ
ဆမ်းပေးပါ
သီးစုံပဲကုလားဟင်းက
ပဲစဥ်းငုံကိုရေတညစိမ်ပြီးပြုတ်ကာကြိတ်စက်နှင့်ကြိတ်ထားပါ
ဘူးသီး ခရမ်းသီး မုန်လာဥဖြူ
တိုကိုအခွံသင်ပြီးရေဆေးကာ
လှီးထားပါ ရုံးပတေသီးရေဆေးပြီးလှီးထားပါ
အိုတလုံးမှာဆီသင့်ရုံထည့်
အပူပေးပြီးကြက်သွန်နီစင်း
လှီးတာထည့်ပါ ချင်းကြက်သွန်ဖြူကြိတ်ထားတာထည့်ပါ ပျဥ်းတော်သိမ်ရွက်
ထည့်ပါ သစ်ဂျပိုးခေါက်
ကရဝေးရွက်ပါထည့်ပြီးဆီသပ်ပါ နနွင်းမှုန့် ငရုတ်သီးအစိမ်းမှုန့်ပါထည့်ပါ အနံ့မွှေး
အောင်ဆီသပ်ပြီးရုံပတေသီးချန်ပြီးကျန်တာကိုထည့်ပါ
မွှေပေးပါ အသီးရွက်နွမ်းရင်
ရေများများထည့်ပြီးဆူအောင်
တည်ပါ ပဲကြိတ်ထားတာထည့်ပါ မွှေပေးပါ ဆား အချိုမှုန့်
ထည့်ပါ အသီးရွက်ကျက်ရင်မန်ကျည်းရည်ဖျော်ထားတာ
ထည့်ပါ ရုံးပတေသီးထည့်ပါ
မွှေပေးပါ ငရုတ်သီးတောင့်ကြော်ထားတာညှပ်ထည့်ပါအရသာမြည်းကြည့်ပါ လိုတာထပ်ထည့်ပါ အနေ
တော်ဆိုရင်ရုံပတေသီးကျက်ရင်ဇီယာမှုန့် မဆလာမွှေးဖြူးပြီးချပါ သီးစုံပဲကုလားဟင်း
ရပါပြီ
စားကောင်းကြပါစေ
Credit U kyaw Shwe

إرسال تعليق