ပျော်စရာတွေမရှိတဲ့ လူတစ်ယောက်အတွက်

ပျော်စရာတွေမရှိတဲ့
လူတစ်ယောက်အတွက် 


ပျော်ချင်ယောင်ဆောင်ပြီး
လောကဓံကို 
အပြုံးလှလှလေးတပ် ပြေးဖက်နေတာလည်း
လူဖြစ်ခြင်းရဲ့
အကောင်းဆုံးဇာတ်ကောင်ပါပဲ....။

ဘဝကို
တစ်ခါတလေ ပျော်ရွှင်ခြင်းလို့
အဓိပ္ပါယ်ဖွင့်ဖတ်ခွင့်မရတဲ့အခါ ဝေဒနာတွေပါလို့
အလိုလိုဖွင့်ဆိုရတာပါပဲ...။

မျှော်လင့်ချက်တွေ
တပ်မက်မှုတွေကိုဖက်တွယ်သမျှ
လောကဓံကပြန်ဆုချတယ်
ဝေဒနာနဲ့နာကျင်မှုတဲ့လေ....။

#တိမ်မျှင်လေး(plw)

Post a Comment

Previous Post Next Post

Comments