ကျွန် မ ချစ် တဲ့ ယော က်ျား ဆို တာ

ကျွန် မ ချစ် တဲ့ ယော က်ျား ဆို တာ


- ကျွန်မအပေါ်အနိုင်မယူဘဲ နားလည်မှုပေးနိုင်ရမယ်

- ကျွန်မအမှားလုပ်မိတဲ့အခါ မဆူ မငေါက်ပဲ ကျွန်မနားလည်အောင် ရှင်းပြပေးနိုင်ရမယ်

- ကျွန်မစိတ်ဆိုးလို့ အော်မိတဲ့အခါ ကျွန်မကိုပြန်မအော်ပဲ ကျွန်မစိတ်ဆိုးပြေအောင် ဖြေရှင်းပေးတတ်ရမယ်

- ကျွန်မသဝန်တိုလို့ ရစ်သလိုဖြစ်သွားတဲ့အခါ ကျွန်မဘာကိုဆိုလိုချင်သလဲဆိုတာ သဘောပေါက်တတ်ရမယ်

- ကျွန်မဖြစ်ချင်တာလုပ်ချင်တာတွေပြောပြတဲ့အခါ ဒါမလုပ်ရဘူးဟိုဟာမလုပ်ရဘူးလို့မချုပ်ချယ်ဘဲ အကောင်းနဲ့အဆိုးကိုခွဲခြားပြတတ်ရမယ်

- ကျွန်မအပြစ်တချို့ကိုလက်ငြိုးထိုးပြီးအပြစ်မပြောပဲ နောက်အမှားကျွန်မမလုပ်မိအောင် တည်တည်ငြိမ်ငြိမ်နဲ့ဆုံးမပေးတတ်ရမယ်

- ကျွန်မဝမ်းနည်းလို့ငိုနေတဲ့အခါ ကျွန်မခံစားချက်ကိုနားလည်ပြီး နွေးထွေးစွာနှစ်သိမ့်ပေးနိုင်ရမယ်

- ကျွန်မရဲ့အားနည်းချက်တချို့ရှိတဲ့အခါ လျစ်လျူမရှုပဲ ကျွန်မအားနည်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ရမယ်

- ကျွန်မနဲ့စကားများ ရန်ဖြစ်ပြီးတဲ့အခါ ကျွန်မကိုပြန်ချော့ဖို့ဝန်မလေးတဲ့သူဖြစ်ရမယ်

- ကျွန်မစိတ်ထဲသံသယဝင်နေတဲ့အခါ ထင်ချင်သလိုထင်ဆိုပြီးပြစ်မထားဘဲ စိတ်ရှည်ရှည်နဲ့ရှင်းပြပေးနိုင်ရမယ်

- ကျွန်မအရမ်းချစ်တတ်သလို အရမ်းသဝန်တိုတတ်တယ်
အဲ့အတွတ် ကျွန်မ မကြိုက်တာလေးတွေကို သူ့ဘက်ကဆင်ဆင်ခြင်နေပေးနိုင်ရမယ်

Credit - P N W

Post a Comment

Previous Post Next Post

Comments