"ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
•••••••••••••••••
မဆိုင်မှန်း သိပါရက်နဲ့
ဖြေရှင်းနေမိတဲ့ ပြဿနာတွေမှာ
နေရာတကာ ဝင်ပါတာတွေရပ်ပြစ်ပါ
တစ်ချို့က ပေးဆပ်ရလောက်ထိ မတန်တာတွေရှိတယ်။
မတူမှန်းသိပါရက်နဲ့ တန်းညှိမိတာတွေပြင်ပါ
တစ်ချို့က ကိုယ်ထင်ရာ ကိုယ်တွေးပြီး
သူတစ်ပါးကို သိက္ခာကျအောင်လုပ်ဖို့ဝန်မလေးဘူး။
ရောပါ များရင် တစ်ချို့က ပေါ့သွားတတ်တယ် ဆားလို လူတွေအတွက် လိုတာထက်ပိုရောမိရင် ငန်သွားတာပဲအဖတ်တင်လိမ့်မယ်။လိုတာထက် ပိုမရောတာ အကောင်းဆုံးပါပဲ။
ကိုယ်ကိုကိုယ်ထက် ဘယ်သူမှ ပိုမချစ်မှန်းသိရင် သင့်ကိုယ်သင်ချစ်ဖို့လည်း မမေ့ပါနဲ့
သူများစိတ်နဲ့ အသက်ရှင်တာများရင် သင်ပဲ စိတ်ပင်ပန်းရမယ်ဒါကြောင့် မတန်တာတွေ ခေါင်းထဲသိပ်မထည့်နဲ့ အရေးမပါတာတွေကို အရာပေးနေသမျှတော့ အရေးပါတာတွေကို လက်လွှတ်ဆုံးရှုံးရမယ်။
ငွေကလွဲပြီးစိတ်ဓါတ်ရင့်ကျက်မှု၊မြင့်မြတ်မှုမရှိတဲ့အလုပ်ကို လုပ်နေခြင်းက ဘဝကို ရောင်းစားတာနဲ့အတူတူပါပဲ ငွေကို ချစ်သလို မိမိကိုယ်ကိုယ် ချစ်ဖို့လည်းမမေ့ပါနဲ့
တစ်ခုခုဆို သတိနဲ့အသိကပ်ပြီး သူများသောက်လို့ ခါးမှန်းသိတဲ့ မိုးခါးရေတိုင်း လိုက်မသောက်မိပါစေနဲ့။
စိတ်ဓါတ် အောက်တန်းကျရင် ပိုင်ဆိုင်သမျှ အရာအားလုံးတစ်ဖြည်းဖြည်းနဲ့ကျဆင်းလာလိမ့်မယ် ဒါကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ ကံ...ကံ၏အကျိုးက
အချိန်တန်ရင် သူ့အလုပ်သူလုပ်သွားမှာပါ။
လေးစားစွယဖြင့်
မေဆု(ရာမညမြေ)13,7,2022
#MayHsuyarmanyamyae
#မေဆုရာမညမြေအတွေးစာစုလေးများ

Post a Comment