ကောင်မလေးတစ်ယောက် အရင်က ခပ်အေးအေးလေး ကောင်လေးရပြီးတဲ့နောက် ပုံစံတွေပြောင်းသွားတယ် ။

ကောင်မလေးတစ်ယောက်
အရင်က ခပ်အေးအေးလေး
ကောင်လေးရပြီးတဲ့နောက် 
ပုံစံတွေပြောင်းသွားတယ် ။


စနှိုက်ကြော်မတွေလို့ သူ့ကောင်လေးနားက 
မိန်းကလေးတွေကို စွပ်စွဲတယ် ။ 
တချိန်လုံးဆဲတယ်
အမှား အမှန် မသိတော့ဘူး
ငါ့ချစ်သူပြီးရင် ပြီးပြီးတာပဲ‌ဆိုတဲ့ အချစ်နဲ့
မိုက်မိုက်ကန်းကန်းချစ်နေရှာတာ ။

နောက်ကောင်မလေးက ခပ်စွာစွာ 
ဆက်ဆက်ကြဲကလေး 
ကြည့်မရရင် မရသလို ဒဲ့ဒိုးပြောတတ်သူလေး
ပေါတောတောနဲ့ ပျော်ပျော်နေတတ်တဲ့ကလေး
ကောင်လေးရပြီးတဲ့နောက်
အရမ်းတည်ငြိမ်သွားတယ် ။ 

ရွှတ်နောက်နောက် ပို့စ်တွေအစား 
ချစ်ခြင်းမေတ္တာရဲ့ နူးညံ့သိမ်မွေ့ခြင်းအကြောင်း
ရေးထားတဲ့စာတွေကိုသာ မြင်ရတယ် ။ 

မိန်းကလေးတယောက်ရဲ့ ပုံမှန်ဘဝဟာ 
သူမ တစ်ယောက်ထဲရှိတဲ့အချိန်ပဲ ..

တစုံတယောက် သူမ အနားရောက်လာရင် 
အဲ့ဒီလူရဲ့ ပုံစံအတိုင်း လိုက်ပြီး ပြောင်းလဲသွားကြတယ် ။ 

ကျေးညီနောင် ပုံပြင်လိုပေါ့
ချစ်ခြင်းကိုအလေးထားပေးတဲ့သူနဲ့ ဆုံရတဲ့အခါ 
သူမက သိမ်မွေ့လာတယ်
ဘဝက ပျော်စရာဖြစ်လာတယ် ။ 

ချစ်ခြင်းမေတ္တာကို လိမ်လည်လှည့်ဖြားတတ်တဲ့သူနဲ့ ဆုံရတဲ့အခါမှာတော့ သူမဟာ မိန်းမကြမ်းကြီးဖြစ်သွားတယ်  အပူသည် ဖြစ်သွားတယ် ။ 

အချစ်ရဲ့စစ်မှန်ခြင်း အေးမြမှုကိုပေးတတ်သော ၊ 
မေတ္တာရဲ့ အရိပ်မှာ နွေးထွေးစေတတ်သော 
အမျိုးသားမျိုးနဲ့သာ ဆုံစည်းစေချင်ပါတယ် 

မိန်းကလေးတိုင်းကိုပေါ့ ။

#သက်ထားခင်(THK)
#အေးချမ်းတဲ့အရိပ်တစ်ခု‌ရစေချင်တယ်
30,12,2021

Post a Comment

Previous Post Next Post

Comments