တချို့သင်ခန်းစာတွေက ငွေပေးပြီး ဝယ်ရတယ်.. ကိုယ့်ဘက်က ငွေဆုံးရှုံးလိုက်ရပြီးမှ ရလိုက်တဲ့ အသိတရား ။

တချို့သင်ခန်းစာတွေက 
ငွေပေးပြီး ဝယ်ရတယ်.. 
ကိုယ့်ဘက်က ငွေဆုံးရှုံးလိုက်ရပြီးမှ 
ရလိုက်တဲ့ အသိတရား ။


တချို့ သင်ခန်းစာတွေက 
အချိန်တွေပေးပြီး ဝယ်ရတယ်..  
ကိုယ့်အချိန်တော်တော်များများ 
အလဟဿဆုံးရှုံးလိုက်ပြီးမှ 
သိလိုက်ရတဲ့ အမှန်တရား ။

တချို့ သင်ခန်းစာတွေက 
ရင်ဘတ်နဲ့ ဝယ်ရတယ်..
"သြော် သူက ဒီလိုပဲ" ဆိုတဲ့ စိတ်နဲ့ 
နင့်ခနဲ ခံစားရပြီးမှ 
လက်ခံလိုက်နိုင်တဲ့ အရှိတရား ။ 

သင်ခန်းစာတစ်ခုပြီးတိုင်း 
ကိုယ်ယုံကြည်ရသူတစ်ယောက်ကို စွန့်လွှတ်ရတယ်.. 

အနီးဆုံးဓားတွေက 
အန္တရာယ်များတယ်ဆိုပေမယ့် 
ဘယ်လိုပဲတွေးတွေး နောက်ဆုံး 
ကိုယ်ကပဲ အပြစ်ရှိတဲ့သူ မဟုတ်လား ။

ကိုယ်ကသာ သူတို့ ကိုယ့်အပေါ် ဒီလိုလုပ်ဖို့ 
အခွင့်အရေးပေးခဲ့တဲ့ အမိုက်မဲဆုံး လူသားတစ်ဦးလေ ။

#သက်ထားခင်(THK)
#သင်ခန်းစာ
#24Dec2020

Post a Comment

Previous Post Next Post

Comments