မငြင်းပါနဲ့တော့

မငြင်းပါနဲ့တော့
**************
ဖတ်ကြည့်နော်…


ဖောက်သည်နဲ့ ငြင်း
မင်းနိုင်သွားတော့…
ဝယ်သူ ပျောက်သွားတယ်။

လုပ်ဖော်ကိုင်ဖက်နဲ့ ငြင်း
မင်းနိုင်သွားတော့…
အဖွဲ့ ကွဲသွားတယ်။

သူဌေးနဲ့ ငြင်း
မင်းနိုင်သွားတော့…
အခွင့်အရေးတွေ ဆုံးရှုံးရမယ်။

မိသားစုနဲ့ ငြင်း
မင်းနိုင်သွားတော့…
မေတ္တာတွေ လျော့သွားတယ်။

သူငယ်ချင်းတွေနဲ့ ငြင်း
မင်းနိုင်သွားတော့…
မိတ်ပျက်သွားတယ်။

ချစ်သူနဲ့ ငြင်း
မင်းနိုင်သွားတော့…
ခံစားချက်တွေ အေးစက်လာတယ်။

ဘယ်သူနဲ့ ငြင်းငြင်း
မင်းနိုင်သွားတာနဲ့
တဖက်မှာ မင်းရှုံးသွားပြီးပြီ။

ဒါကြောင့်…
မှားမှား မှန်မှန် မငြင်းနဲ့တော့။

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )

Post a Comment

أحدث أقدم

Comments