ပိုက်ဆံတွေရှိတိုင်းလဲ ပျော်နေမယ်မထင်နဲ့
တစ်ချို့ကိစ္စလေးတွေမှာတော့ ဝမ်းနည်းစရာတွေ၊စိတ်ညစ်စရာတွေရှိကြတာပါပဲ...။
နေ့ဒဓူဝ အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်
စိတ်ညစ်လို့ ထွက်ပေါက်ရှာချင်တဲ့ သူတွေဆိုတာ
နေရာတိုင်းမှာ ရှိတယ်...။ နှုတ်ကဖွင့်မပြောပေမယ့်
ဒုက္ခကိုယ်စီနဲ့ လောဓံကို ရင်ဆိုင်နေရတဲ့ လူသားတွေကြီးပါပဲ...။
"သူလဲလူ ငါလဲလူ " ဘာကြောင့်ငါ့တစ်ယောက်တည်း ကွက်ပြီး ဒုက္ခရောက်ရတယ်လို့ မတွေးနဲ့ လောကမှာ လူတိုင်းအဆင်ပြေတဲ့ နေ့ရက်ဆိုတာ မရှိဘူး နေ့တိုင်း အဆင်ပြေအောင် နေရတာပဲရှိပါတယ်...။
ဒုက္ခကို ဖက်တွယ်နေရင် မနက်ဖြန်ဆိုတာလဲ
ဒုက္ခနဲ့ပဲ ပြန်ဆုံမှာပဲ ဒီနေ့ဖြစ်တဲ့ ပြဿနာ နောက်နေ့ထိ သယ်မသွားရင် ဒုက္ခဆိုတာလဲ ခဏပဲ သောကဆိုတာလဲ ခဏပဲမဟုတ်လား...။
လူ့ဘဝ ရတုန်းရခိုက် လေးမှာ
ပျော်အောင်နေ ကြည့် လိုက်ပါ....
အရာအားလုံးက ခဏပါပဲ...
------------------------MayHsu(ရာမညမြေ)---------------------
#creditမေဆုရာမညမြေအတွေးရသစာစုလေးများ

إرسال تعليق