မချစ်မိစေရန်အတွက်ဖတ်ပါ

မချစ်မိစေရန်အတွက်ဖတ်ပါ
-------


လူတစ်ဦးကို လိုတာထက်ပိုပြီး
သံယောဇဉ်ဖြစ်မိပြီလို့
မိမိစိတ်မှာထင်မိပါက-
(၁) တရားဓမ္မကို နှလုံးသွင်းပါ။
(၂) ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။
(၃) မိမိနှင့် ဘ၀ကံမပါဘူးလုိ့ မှတ်ယူလိုက်ပါ။
(၄) အလုပ်တစ်ခုခုမှာ အချိန်တွေ ပေးပါ။
(၅) အိပ်ခါနီးတိုင်း ဘုရားစာ တရားစာ ရွတ်ပါ။
(၆) သတိရမည့် အကြောင်းများ မစဉ်းစားပါနှင့်။
(၇) အမှတ်တရ ပစ္စည်းများကို သူတစ်ပါးအား ပေးလှူလိုက်ပါ။
(၈) ဤစိတ်ရှိပါက လုပ်ရမည့်အလုပ်များ ပျက်ပြားနိုင်သည်ဟု နှလုံးသွင်းပါ။
(၉) လောကမှာ အသိတရားနှင့် စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးသာ အရေးကြီးဆုံးလို့ မှတ်ထားပါ။
(၁၀) မိဘ နှစ်ပါးနှင့် သာသနာ့အကျိုး အများအကျိုး ဆောင်ရွက်နိုင်ဖို့ ကြိုးစားရဦးမည်ဟု ဆင်ခြင်ပါ။

(မတွယ်တာမိတာက အကောင်းဆုံးပါ။
မေတ္တာသည်သာ အအေးချမ်းဆုံးပါ။)
မေတ္တာဖြင့်
Baby Hsu(မေတ္တာပန်းကလေး)

Post a Comment

Previous Post Next Post

Comments