"ချစ်သူလား? ရည်းစားလား? "

"ချစ်သူလား? ရည်းစားလား? "


ရည်းစား……

ရည်းစားဆိုတာ တစ်ခဏတာလက်တွဲရတဲ့သူ… လို့
ဘာသာပြန်ချင်တယ်… ဘာလို့လဲဆိုတော့ ရည်းစားဘဝက ရည်ရွယ်ချက်မရှိဘူး … တာဝန်မရှိဘူး… သူ့အနာဂတ်မှာလည်း သူမရှိဘူး… ကိုယ့်အနာဂတ်မှာလည်း သူလုံးဝမရှိပါဘူး…
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်… အတားအဆီးမရှိဘူး… ရည်းစားထားတယ်ဆိုတာ သူငယ်ချင်းတွေရှေ့မှာ မော်ကြွားရုံ… ပန်းခြံတွေ လျှောက်လည်ရုံလောက်နဲ့တင် အဆုံးသတ်သွားပါပြီ… ပြောရရင် သူနဲ့ကိုယ် အတွယ်အတာဘာမှမရှိပါဘူး… ဒီတစ်ယောက်ပြတ်ရင် နောက်တစ်ယောက်ပါ… တစ်ချို့ဆို ရည်းစားဘဝမှာ တင်ဘဝကို စတေးလိုက်ရတာတွေရှိပါတယ်…
အင်း…… ရည်းစားထားပြီဆိုရင်တော့ ရည်းစားကို
ရည်းစားနဲ့တူအောင် ထားဖို့တော့ လိုအပ်တာပေါ့နော်… ဘယ်လိုပဲဖြစ်ဖြစ် ရည်းစားအဆင့်နဲ့တော့ ဘဝကို
တည်ဆောက်လို့မရတာတော့ သေချာတယ်…
ရည်းစားမှာအဆုံးသတ်မရှိဘူး… ကြိုက်သလောက်ထားကြတယ်………

ချစ်သူ……

လူတစ်ယောက်က ဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ… နောက်ဆုံးတော့ သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာ တစ်ယောက်ပဲရှိပါတယ်… ချစ်သူကိုတော့ တစ်ဘဝလုံးအတွက်ပုံအပ်ပြီး လက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကို ချစ်သူလို့ ဘာသာပြန်ပါရစေ… ရင်ထဲကအချစ်စစ်…၊ အချစ်မှန်…၊ မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်… သူ့မှာတော့ ရည်ရွယ်ချက်ရှိလာပြီ… အနာဂတ်ရှိလာပြီ… သူနဲ့ကိုယ်လက်ထပ်ပြီးရင် ဘာလုပ်ကြမှာလဲ… ဘယ်လိုနေမှာလဲ… အများကြီးပေါ့… သူကအဆက်ဖြတ်သွားရင်တောင် ကိုယ့်မှာ အနာဂတ်ပျောက်သွားနိူင်တယ်… ဘဝဆုံးပြီး အသက်ပါဆုံးသွားတတ်တယ်… ချစ်သူမှာ လှတာ မလှတာမရှိဘူး… ဂုဏ်မရှိဘူး… မာန်မာနကင်းမဲ့တယ်… တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိတယ်… ဘာဆိုဘာမှမရှိဘူး… သူ့ကိုချစ်နေရရင်ပဲ ကျေနပ်နိုင်တယ်…
သူ့ကိုလည်း ပြန်ချစ်စေချင်တယ်… ကိုယ်ချစ်သလောက်ပေါ့… သံယောဇဉ်တွေ… မေတ္တာတွေ… တွယ်တာမှုတွေ… တမ်းတမှုတွေ… သတိရမှုတွေ အားလုံးပါဝင်နေတယ်…
ချစ်သူအဖြစ် တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ပြီဆိုရင်တော့… သူနဲ့ပတ်သတ်ရင် အရာရာကို ရင်ဆိုင်နိုင်ရမယ်… သူ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်နိုင်ရမယ်… ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာထိပေါ့ဗျာ… သူ့ကို ပျော်ရွင်မှုတွေပေးရမယ်… သူနဲ့တွေ့ရင် ရင်တွေခုန်နေတာပေါ့… သူ့ကို တန်ဖိုးထားတတ်ရမယ်… တစ်ချို့ဆို ချစ်သူနဲ့ပတ်သတ်တဲ့ အရာအားလုံးကို အချိန်…၊ နာရီ…၊ မိနစ်…၊ စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်… နောက်ဆုံးတော့… ချစ်သူအဖြစ်ကနေ လက်တွဲပြီး ဘဝကို တည်ဆောက်ကြတာပေါ့………

သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ? ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက
ရည်းစားအနေနဲ့ ရှိနေတာလား? ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ ရှိနေတာလား…
သေချာစဉ်းစားကြည့်လိုက်ပါနော်………

သူငယ်ချင်းအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ………

Credit: ဖြိုးဇာနည်

Post a Comment

Previous Post Next Post

Comments