အသက်အရွယ်တစ်ခုအရောက်မှာ နောက်ပြန်လှည့်ကြည့်တော့💗

အသက်အရွယ်တစ်ခုအရောက်မှာ နောက်ပြန်လှည့်ကြည့်တော့💗💗💗💗💗💗


ချစ်တယ် ချစ်တယ် မခွဲနိုင်ဘူး
ဆိုသူတွေလည်းပျောက်

ခင်ပါတယ်၊ရင်းပါတယ်၊နှီးပါတယ်
ဆိုသူတွေလည်းဝေး​ကွာသထက် 
ဝေးကျန်ပြီး

လျှောက်ရင်းလှမ်းရင်း ဖြတ်သန်းရင်းနဲ့ပဲ တစ်ချို့သောလက်တွေဟာ 
ဖြုတ်ချသွားခဲ့ပြီ။

ဒီလိုနဲ့ တဖြည်းဖြည်းသင်သိလာမှာက ဘဝမှာအရာအားလုံးဟာ ကိုယ်နဲ့" အစကို တူတူလိုက်ပေမဲ့ အဆုံးထိ တူတူမပါနိုင်ဘူး"
ဆိုတဲ့ စကားဖြစ်တယ်။

ပြီးနောက်  နားမလည်ခဲ့တဲ့ ခံစားချက်တစ်ချို့ကို အချိန်နှင့်အတူ သင် သိရှိနားလည်လာမယ်။

နာကျင်ခဲ့တာတွေက အမာရွတ်
လေးနှင့်အတူ ရှေ့ဆက်ရှင်သန်ဖို့အတွက်
ပိုသတ္တိရှိလာမယ်။

ဖြုတ်ချသွားတဲ့ လက်တစ်ဖက်မှာလည်း
 ဘယ်ကမှန်းမသိတဲ့ ပျော်ရွှင်မှုတစ်ချို့ကို ဆုပ်ကိုင်မိပြီး ပေါ့ပါးလာမယ်။

စောင့်ဆိုင်ခြင်းမရှိတော့တဲ့ ခြေလှမ်းတွေ
ဟာ ရှေ့ဆက်သွားဖို့ ခြေလှမ်းပြင်ရင်းနဲ့ပဲ 
ခြေလှမ်းတွေဟာ အရင်ထက် ပိုသွက်လာ
လိမ့်မယ်။

တဖြည်းဖြည်း အရှေ့ဆက်ရင်းနဲ့ပဲ
နောက်ဆုံးသိလာမှာက ဘဝခရီးလမ်းမှာ 
ရှေ့ကိုလှမ်းတဲ့ ခြေတစ်ဖက်ဟာ ဘာပဲဖြစ်ဖြစ်ဆက်သွားဖို့ဖြစ်ပြီး

နောက်ကျန်ခဲ့တဲ့ တစ်ဖက်ဟာ သင်ခန်းစာတစ်ချိုကို သင်ယူနားလည် နားလည်သဘောပေါက်လာစေဖို့၊ အမြင်မှန်ရစေဖို့၊ သတ္တိရှိစွာရှေ့ဆက်တတ်ဖို့ဆိုတဲ့ အရှေ့ခြေလှမ်းတွေ အတွက်  အားအင်တွေ
ဖြစ်ကြောင်းသင်သိလာလိမ့်မယ်။

ဒိီလိုနဲ့ဘဝက သင့်ကို တစ်ယောက်တည်း
ပိုရပ်တည်နိုင်အောင်၊ သန်မာနိုင်အောင်
သင်သွားပေးလိမ့်မယ်။

သို့သော် ဘဝဟာ နောက်ပြန်ဆုတ်တတ်တဲ့ ခြေလှမ်းတွေ၊ထုံအတဲ့ စိတ်ခံစားချက်တွေ
အတွက်  အခွင့်အရေးကောင်းတွေ၊ သင်
ခန်းစာကောင်းတွေဆိုတာ မရှိစေခဲ့ပါဘူး။

ဦးချေ(17.12.22)

Post a Comment

Previous Post Next Post

Comments