ကျွန်တော်... စျေးမပေါချင်တော့ဘူး ။❤🧡💛💚
တကယ်ပါ ချထားတဲ့မာနတွေက နင်းသွားရုံသက်သက်ပဲဆို ဘာလို့ ခင်ဗျားဖိနပ်လုပ်စီးဖို့ ချထားတော့မလဲ ဝေးမသွားချင်လို့ ချထားတဲ့ မာနတွေကို ဒီတစ်ခါတော့ ပြန်တင်လိုက်ချင်ပြီ ။
မျှော်နေတဲ့ဖုန်းလေး ဆက်မလာလို့ ကိုယ့်ဘက်က စပြီးဆက်ခဲ့တယ်... အလုပ်တွေများပြီး မအားဘူးလို့ထင်ခဲ့ပေါ့ တစ်ခုခုလုပ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုရှိခဲ့မယ်ဆိုရင်တောင် ခံသာပါသေးတယ် အခုက အလုပ်တွေရှိမနေပါပဲနဲ့ ကျွန်တော်နဲ့ မပြောချင်လို့မှ မဆက်တဲ့ဖုန်းကို မျှော်နေမိတာလေ ။
ကျွန်တော့်မှာ လုပ်စရာတွေအများကြီးထဲကမှ ခင်ဗျားကို အောက်ကျနောက်ကျခံပြီးလွမ်းနေရတာ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ပျက်လာမိပြီ... တကယ်ဆို ကျွန်တော်လဲ ခင်ဗျားလိုပဲ နေခဲ့သင့်တာ စပြီးတောင် မဆက်ခဲ့သင့်ဘူးလေ။
လွမ်းလို့ပို့တဲ့စာလေးတွေလဲ ဖတ်ချင်တဲ့အချိန်မှသာဖတ်ပြီး ပြန်ချင်တဲ့အချိန်မှသာ ပြန်တော့တယ် ဘာလို့ ဘာကြောင့်လဲဆိုပြီး နည်းနည်းလေး အထွတ်တက်လိုက်မိတာနဲ့ နောက် လေးငါးဆယ်ရက်က စကားမပြောဖို့ အကြောင်းပြချက်တွေ ရသွားတတ်တာလေ ။ ဒီတော့ တိတ်ဆိတ်ပေးလိုက်ရခြင်းတွေမှာ တဖြေးဖြေး ခံရခက်လာခဲ့ပြီ ။
မျက်ရည်တွေကျတဲ့အခါ မျက်ရည်လွယ်လိုက်တာဆိုတဲ့ အပြစ်တင်စကားကို လွယ်လွယ်လေးပဲ ပြောတယ် ဟုတ်ပါတယ် ကျွန်တော်က ခင်ဗျားနဲ့ ပတ်သက်ပြီးမှ မျက်ရည်တွေလွယ်တတ်ခဲ့မှန်း နဲနဲလေးတောင် မသိခဲ့ဘူး မဟုတ်လား...
မခေါ်ပဲ အမြဲရောက်နေတတ်တာတွေ... မလိုပါပဲ အမြဲရှိနေတာတွေက အရမ်းကို ကြာနေပြီလေ... ကျွန်တော် ဒီထက်ပိုပြီး စျေးမပေါချင်တော့ဘူး... အသွားအပြန်မရှိတော့တဲ့ မေတ္တာတွေမှာ ကိုယ်တစ်ယောက်တည်းက ပေးပြီး ကိုယ်််တစ်ယောက်တည်း နာကျင်စရာတွေ ရလာတာတွေက လုံလောက်ပြီထင်ပါတယ် ။
ကျွန်တော် ဒီထက်ပိုပြီး စျေးမပေါချင်တော့ဘူးလေနော်... ဒီထက်ပိုပြီးလဲ မနာကျင်နိုင်တော့ဘူး
#ကျေးကို

Post a Comment