အသက်အရွယ်တခု ရောက်တဲ့အခါ
ကိုယ်အလိုချင်ဆုံး အရာက ၂ ခုပဲ ......
ချစ်ခြင်းမေတ္တာ နဲ့ ယုံကြည်မှု.....
အနေဝေးလဲ ကိုယ်ကလွဲလို့ ဘယ်မိန်းကလေးအပေါ်ကိုမှ မစွဲလန်းတတ်တဲ့ သစ္စာတရားမျိူး ကိုယ်လိုအပ်တယ် ။
ကိုယ့်ကွယ်ရာမှာ
ကိုယ်သိသည်ဖြစ်စေ မသိဘူးဖြစ်စေ
ခိုးဝှက်မလုပ်တတ်တဲ့ ကိုယ်ကျင့်တရားမျိုးကိုယ်လိုချင်တယ် ။
တခမ်းတနားဘာတခုမှ အပိုမပြောပေမဲ့
ကိုယ့်အတွက် လက်တွေ့ကြိုးစားအကောင်အထည်ဖော်ပြတဲ့ သူ့ချစ်ခြင်းတွေက ပိုတန်ဖိုးရှိတယ် ....
လူတယောက်မှာ
good side and dark side ဆိုတာ အမြဲရှိတယ် .....
လူတယောက်ကို ချစ်မိရင် သူ့အကောင်းချည်း ယူချင်လို့မရဘူး ......
သူ့ရဲ့ အားနည်းချက်တွေ သူရစ်တာတွေ သူ့မကောင်းတဲ့ အကျင့်တွေ သူ့ pressure တွေ သူ့မိသားစုနဲ့ ပတ်သတ်ပြီး ခံစားရတဲ့ ခံစားချက်တွေ ဒါတွေကို ကိုယ်ကြည့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ လက်ခံပေးရမယ်
နားလည်ရမယ် ဝေမျှရမယ် ကိုယ်ချင်းစာရမယ် ....
ဒါမှသာ ဘဝလက်တွဲဖော် ဆိုတဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက် အစစ်အမှန်ဖြစ်တယ် .....
တခါတလေ ကိုယ်သူ့ကို ကြည့်မရတဲ့ အချိန်တွေရှိမယ် ....
မုန်းမိတဲ့ အချိန်တွေ ရှိမယ် .......
စိတ်နာတဲ့ အကြောင်းအရာတွေ ရှိမယ် ..... ဆက်လက်မတွဲချင်အောင် စိတ်ပျက်မိတဲ့
အခြေအနေတွေ ရှိမယ် ......
ဒါတွေကို ကျော်ဖြတ်နိုင်တဲ့ အကောင်းဆုံး အရာက
ခုနက ပြောတဲ့ " ချစ်ခြင်းမေတ္တာ နဲ့ ယုံကြည်မှု " ပဲ "

Post a Comment