ကိုယ့်ရဲ့ Idol ထဲမှာ စိတ်ကင်ဆာ အပေးနိုင်ဆုံးသူဟာ
" ဆရာမဂျူး " ပဲ ။
အထက်တန်းကျောင်းသူဘဝမှာ အမှတ်တရကို ဖတ်ပြီး မအိပ်နိုင် အစားနိုင် ဖြစ်ခဲ့ရတာ ။ အမှတ်တရကတော့ ဘယ်အချိန်ပြန်ဖတ်ဖတ် ပြန်လောင်ရတုန်းပဲ
အခု စာအုပ်မှာလည်း ခွန်သာ ဘယ်မှာလဲ ၊
ခွန်သာက လူအစစ်မလား ဘာဖြစ်လို့ ခွန်သာဆီ မသွားခဲ့တာလဲ ဆိုပြီး ရေချိုးတုန်းလည်း ခွန်သာ ၊
ထမင်းစားနေရင်းလည်း ခွန်သာ
ညအိပ်ချိန်မှာတောင် မျက်စိတွေကြောင်ပြီး
ခွန်သာ အကြောင်းပဲ ခေါင်းထဲ ရောက်နေခဲ့တာ ။
စာအုပ်ဖတ်ပြီးတဲ့အခါ
မေ့ကို အားမရ
မင်းညိုစင်ကိုလည်း မုန်းရမလို သနားရမလို
နောက်ဆုံး ခွန်သာကို သနားစိတ်တွေပိုပြီး
တစ်ယောက်ထဲ ငိုင်ငိုင်ကြီး ကျန်နေခဲ့ရတာ..
ကိုယ့်စိတ်နဲ့ကိုယ် လောင်ရတာ အားမရတဲ့သူတွေကို
ဆရာမ ဂျူးစာအုပ်ဖတ်ဖို့ highly recommend ပါ 🥹
လူတိုင်းနီးပါး ဖတ်ဖူးကြမယ်ထင်လို့ အသေးစိတ်ရေးမပြတော့ဘူးနော် .. ကိုယ်ကတော့ ဆရာမ ဂျူးစာအုပ်တွေ ၃ ၊ ၄ အုပ်လောက် စုပြီး ဝယ်လာလည်း ဆက်တိုက်မဖတ်နိုင်ဘူး ။ ၂ ၊ ၃ လ လောက်နားနားပြီး ဖတ်ရတယ် ။ ဇာတ်သိမ်းတွေကို မခံစားနိုင်လို့ ။
#ဂျူး
#ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
#THK

Post a Comment