Brain Break
ဒီစာလုံးကို Finland ပညာရေး အကြောင်း ဖတ်ရင်း တွေ့မိတယ်။ သူတို့ဆီက တနာရီ စာသင်ချိန်မှာ 45min သင်+ Brain break (15min) ယူကြပါသတဲ့။
အရင် အယူအဆတခုက စေကးကျွမ်းကျင်ပိုင်နိုင်ဖို့ ထပ်ခါတလဲလဲ ဆက်တိုက်လေ့ကျင့်သင့်တယ်လို့ဆိုတယ်။
2021သုတေသီေတွကတော့ အဲ့လို ထပ်ခါတလဲ လေ့ကျင့်နေတာတဲ့အဆင့်၊ ကြားထဲ Brain Break (နားချိန် )ဖြတ် ထည့်တာ အရေးကြီးတယ်လို့ ဆိုတယ်။
သူတို့ စမ်းသပ်မှုမှု typing သင်တဲ့လူငယ်တွေရဲ့ ဦးနှောက်ကို scan ရိုက်ထားတယ်။ နားချိန်မှာလည်း မသိစိတ်မှာ Typing ပြန်လေ့ကျင့်နေတယ်ဆိုတာ တွေ့ရပါသတဲ့။
အဲ့တော့ Brain breaks မှာလည်း လေ့လာ သင်ယူမှု ဆက်ဖြစ်နေတဲ့သဘော။
2022 စမ်းသပ်ချက်တခုက စာသင်ခန်းကနေ break ယူရင် အပြင်ထွက် ဆော့ ဒါမှမဟုတ် ခဏ လမ်းလျှောက် ခိုင်းတာမျိုးက ပို ကောင်းတယ်။ စာသင်ခန်းတွင်းပြန်လာရင် အာရုံ ပို စိုက်နိုင်ပြီး စာကို ပိုမှတ်မိစေတယ် ဆိုတယ်။ green breaks လို့ ခေါ်တယ်။
ပြန်ချုပ်ရရင်တော့ သင်ခန်းစာကို ကြာရှည် မှတ်မိစေဖို့ ဦးနှောက်အတွက် ကိုယ်ပိုင် အချိန် လိုတယ်။
Brain Break ကို မှန်မှန်ကန်ကန် သုံးသင့်တယ် ဆိုတာ သတိထားမိစေတယ်။

Post a Comment