🫣 English တတ်ရင် ဘာတွေလုပ်လို့ရလဲတဲ့
လူတိုင်း တခြားဘာသာစကားတွေသင်နေတာ English က အရေးကြီးတော့လို့လားတဲ့ 🫣
ဒါဆို မင်မင် က ပြန်ရှင်းပြ ပေးချင်ပါတယ်ရယ်
မင်မင်တို့ သိသလောက် အနီးစပ်ဆုံး English တတ်ကျွမ်းရုံနဲ့ လုပ်လို့ရတဲ့ အသက်မွေးဝမ်းကြောင်းတွေ ကို မင်မင် ပြောပြမယ်နော် 😗
1. Interpreter ( စကားပြန် ) 👩🏻
ဒါပေါ့ ကိုယ်က Intermediate လောက်ရောက်ပြီဆိုရင်ကော နေ့စဉ် ဘဝကိုက အေးအေးဆေးဆေး ပြောနေနိုင်ပြီရယ် အဒ့ဒါကိုမှ ပိုမွမ်းမံ ပြီး သင်တန်းတွေတက် ဆက် လေ့လာ မယ်ဆိုရင် တကယ့် လက်တွေ့ လုပ်ငန်းတွေ အထိပါ အသုံးဝင်တဲ့ထိ ကျွမ်းလာပြီဆိုရင် စကားပြန်တွေဟာ ခုချိန်မှာ အလုပ်ရုံ / Company တွေ အရမ်းကို Demand ဖြစ်ကြတဲ့ အလုပ် တစ်ခုဖြစ်လာတာပေါ့နော် 🥳
2. Translator ( ဘာသာပြန် )✍🏻
ခုခေတ်လို ဘာမဆို English လိုရေးထားတဲ့ ခေတ်မှာ စကားပြန်တွေဟာ အလွန်အရေးပါလာကြပါတယ်။ အိုးမကွာ အိမ်မကွာ အချိန်ပေးလုပ်လို့ရပြီး ရတဲ့ငွေဟာလဲ သင့်တင့်တာကြောင့် အချိန်ပိုင်း လုပ်ချင်တဲ့သူတွေပါ စဉ်းစားသင့်တာပေါ့နော် ☺️
ခုချိန် ရုပ်ရှင်၊သီချင်း၊စာအုပ် တွေအထိပါ သုံးလို့ရတာမို့ English တစ်ခုကျွမ်းကျင်တာနဲ့ လုပ်လာနိုင်မယ့်အရာ တစ်ခုပါပဲ
3. Teacher/ Tutor (သင်ကြားရေးနည်းပြ)👩🏼🏫
ကဲ ကိုယ်ကသာ စိတ်ရှည်ပြီး ရှင်းပြတတ်တဲ့သူဆို ဆရာ/ဆရာမ အလုပ်က ကိုယ့်အတွက်ပဲနော်။ ခုကာလတွေမှာ ကလေးသေးသေးလေးတွေက အစ English လို သင်လာတာဖြစ်လို့ ကိုယ့်အတွက် ရေရှည် ရပ်တည်ချင်တဲ့ သူတွေ အတွက်လဲ ကွက်တိပဲပေါ့
ကိုယ်ကတော့ အတော်လေးကျွမ်းကျင်ဖို့လိုတာပေါ့နော် 🥳
4. Writer/Journalist 👨🏼💻
ကိုယ်တိုင်ပဲ စာရေးမလား? ဘာသာပြန်စာအုပ်တွေပဲ လုပ်မလား
English ကတကယ်ကို အရေးပါလှပါတယ်။ အပျော်တမ်းစာဖတ်တာကနေ စပြီး ကိုယ်တိုင် Thesis တွေရေးတာအထိ သာမက တချိန် Writing နဲ့အသက်မွေးချင်သူတွေအတွက်လဲ English ဟာမရှိမဖြစ်အုတ်မြစ်တစ်ခုပါပဲနော် 🥰
5. Tour Guide
မြန်မာနိုင်ငံလို ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ နိုင်ငံမှာ Tour Guide တွေဟာလဲ နေရာတစ်ခု ကနေ အရေးပါလှပါတယ် ဘယ်နိုင်ငံက မဆို လာတဲ့ ခရီးသွားဧည့်သည်တွေကို ရှင်းပြပြောဆိုရတာဟာ မြန်မာ့ယဉ်ကျေးမှုကို ချပြပေးရတာနဲ့အတူ ဂုဏ်ယူစရာကောင်းပါတယ်
ဒီလိုကောင်းမွန်တဲ့ အလုပ်တစ်ခုလဲဖြစ်ပြီးဝင်ငွေလဲ ကောင်းတဲ့ Tour Guide အတွက်လဲ English ဘာသာကို ကျွမ်းကျင်ရင် ခရီးစတင်နိုင်ပြီ ဖြစ်ပါတယ် 😍
ဒီ ၅ ခုကတော့ လက်ရှိမြန်မာ ပြည်မှာကော နိုင်ငံ တကာမှာပါ အလုပ်အများဆုံး အလုပ်တွေပေါ့နော်
ဘယ်အလုပ်ခွင်မှာမဆို English အားသာတဲ့သူ နဲ့ မရတဲ့သူ ယှဉ်လာရင်တောင် ရာထူးနဲ့လစာ ကွာသွားတတ်ပါသေးတယ်တဲ့🥺
ဒီလိုတွေ မဖြစ်ချင်ဘူး ကိုယ်ကလဲ လေ့လာရတာ ဝါသနာ ပါတယ်ဆိုရင် တော့ မင်မင်တို့ Emerald Nway Oo Training Centre က တာဝန်ယူပါရစေနော်
အခြေခံကစပြီး သေချာ ရသည်ထိ သင်ပေးတာကြောင့် ပညာရေးအပိုင်းတော့ မင်မင်တို့ တာဝန်ယူပါရစေ 🥰 စာလုပ်ချင်စိတ်လေးသာ ယူခဲ့ပါနော်

Post a Comment