Content Creator များ အခမဲ့ လေ့လာနိုင်မည့် Website (9) ခု

Content Creator များ အခမဲ့ လေ့လာနိုင်မည့် Website (9) ခု


အိမ်မှာနေရင်း လုပ်ငန်းနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှုများကို သင့်ကိုယ်သင် လေ့ကျင့်ပေးခြင်းဖြင့် မိမိကိုယ်တိုင် မြှင့်တင်နိုင်ပါတယ် ။ Content Creator တစ်ဦးအနေနဲ့ မိမိလုပ်ငန်းနယ်ပယ်တွင် အာရုံစိုက်ရန် သာမက အခြားသော နယ်ပယ်များတွင်လည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ပါတယ် ။ 
Digital, Social Media Marketing, Photography, Writing, Image Editing, Website Creation (သို့မဟုတ်) SEO စတဲ့ အကြောင်းများကို အနည်းငယ် သိရန် လိုအပ်ပါတယ် ။

အွန်လိုင်းသင်တန်းများသည် နေရာအနှံ့တွင်  သင်ကြားလျက်ရှိပြီး Content Creator များ အတွက် အဆိုပါ သင်တန်းများထဲမှ ဘာသာရပ်များစုံလင်စွာ ဖြင့် အခမဲ့ လေ့လာ သင်ကြား တက်ရောက် နိုင်သော Website (9) ကို ဖော်ပြပေးလိုက်ပါတယ် ။

1. Udemy (Udemy.com)
Udemy တွင် အခကြေးငွေပေး၍ တက်ရောက်ရသော သင်တန်းပေါင်းများစွာရှိသော်လည်း Content Creator တစ်ယောက်အနေနဲ့ Upskill ဖြစ်မည့် အခမဲ့ သင်တန်းများစွာကိုလည်း တွေ့ရမှာပဲ ဖြစ်ပါတယ် ။ Udemy Mobile App လည်း ထုတ်လုပ်ပေးထားခြင်းကြောင့် သွားရင်း လာရင်း အမြဲမပြတ် သင်ကြားလေ့လာနိုင်မှာပဲ ဖြစ်ပါတယ် ။ 
Courses we recommend: 
• Photoshop
• Content writing and marketing 
• Video creation and editing
• Copywriting
• Social media marketing and management
• SEO 
• Digital marketing

2. Alison (https://alison.com)
Alison ကတော့ လုပ်ငန်းခွင်တွင် ချက်ချင်း အသုံးချနိုင်သော နည်းလမ်းဖြင့် သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်မှ ကျွမ်းကျင်သူများကို ကူညီပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါ့ကြောင် ပျော်ရွှင်စရာကောင်းတဲ့ Educational Class များကို ရှာဖွေနေကပါက Alison မှာ ဝင်ရောက်လေ့လာလိုက်ပါ ။
Courses we recommend:
• Digital marketing
• English writing and proofreading
• Photography 
• Electronic music and music theory 
• Photo editing
• Social media marketing
• SEO

3. Highbrow (https://gohighbrow.com)
အွန်လိုင်း သင်တန်း အများစုက တက်ရောက် ရချိန်မှာ အချိန်ကုန်လွန်းသည် ဟု သင်တွေ့မြင်နေရပါက Highbrow မှာ ဝင်ရောက် သင်ကြားလေ့လာလိုက်ပါ ။ Highbrow မှာတော့ တနေ့လျှင် ၅မိနစ် အတွင်း လေ့လာနိုင်သော သင်တန်းများ ရှိပါတယ် ။ ဘာသာရပ်များစွာကို အကျိုးရှိစွာဖြင့် နေ့စဉ် သင်ခန်းစာများကို သင့်ရဲ့ မေးလ်သို့ ပို့ဆောင်ပေးခြင်းကြောင့် သင်ခန်းစာ လွတ်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး ။
Courses we recommend:
• Photo editing
• Smartphone photography
• Conversational writing
• Content editing
• Screenwriting
• Online marketing
• Blogging

4. edX (https://www.edx.org)
Non-profit resource တခုဖြစ်သော edX တွင် Harvard University, Boston University, Berkeley University of California နှင့် MIT အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အကောင်းဆုံးသော တက္ကသိုလ်များမှ သင်တန်းများရှိပါတယ် ။ သင်တန်းများမှာ အခမဲ့ ဆိုသော်လည်း Certification အတွက်ကတော့ငွေ ပေးဆောင်ရန်လိုအပ်ပါတယ် ။

Courses we recommend:
• Animation
• Design
• Music theory
• Scriptwriting and storytelling
• Digital marketing
• Content marketing
• Journalism 
• Social media marketing
• Web design
• Creative writing

5. Academic Earth (https://academicearth.org)
Academic Earth မှာတော့ Yale, MIT နှင့် Stanford ကဲ့သို့သော ထိပ်တန်း တက္ကသိုလ်များမှ အခမဲ့ အွန်လိုင်း သင်တန်းများ ၊ ဟောပြောပွဲများ နှင့် Video များ သင်ကြားပေးပြီး သင် တက်ရောက်လိုသော သင်တန်းများ အားလုံးကို လည်း အလွယ်တကူ ရှာဖွေနိုင်သလို သင်ခန်းစာများကို Audio Track အဖြစ်လည်း Download ရယူကာ အဆိုပါ သင်ခန်းစာများကို သွားရင်း လာရင်း နားထောင်နိုင်မှာပဲ ဖြစ်ပါတယ် ။
Courses we recommend:
• Graphic design
• Music
• Digital marketing
• Writing

6. Skillshare (https://www.skillshare.com)
Skillshare မှာတော့ သင်တန်းအများစု က အခကြေးငွေ ပေးရသော်လည်း အချို့သော အခမဲ့ သင်ခန်းစာများလည်း ရှိပါတယ် ။ သင်ရဲ့ အခြေခံကျွမ်းကျင်မှုကို တိုးမြှင့်လိုပါက ၎င်းတွင် သေချာပေါက် သင်ယူလိုက်ပါ ။ Mobile App လည်း ထုတ်လုပ်ပေးထားခြင်းကြောင့် သွားရင်း လာရင်း အမြဲမပြတ် သင်ကြားလေ့လာနိုင်မှာပဲ ဖြစ်ပါတယ် ။
Courses we recommend:
• Digital illustration 
• Graphic design
• Photography
• Video editing
• Photo editing

7. UpGrad (https://www.upgrad.com)
Indian Platform များထဲမှ အကောင်းဆုံး တခုကတော့ UpGrad ပါပဲ ။ UpGrad ကတော့ Content Development ကို အဓိက သင်ကြားသော အခမဲ့ သင်တန်းဖြစ်ပြီး သင်တန်းအများစုကတော့ အခကြေးငွေ ပေးရပါတယ် ။ သို့ပေမဲ့လည်း အခြားသော အခမဲ့သင်တန်းများကိုလည်း သင်ရွေးချယ်တက်ရောက် နိုင်မှာပဲ ဖြစ်ပါတယ် ။ 
Courses we recommend: 
• Content marketing
• SEM 
• SEO
• Social media marketing

8. HubSpot (https://www.hubspot.com)
လုပ်ငန်းကျွမ်းကျင်သူများထံမှ သင်ခန်းစာများနှင့် အသိအမှတ်ပြု လက်မှတ်များပါရှိသော HubSpot ကတော့ Content Management Education အတွက် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း Platform များထဲမှ တခု အပါအဝင် ဖြစ်ပါတယ် ။
HubSpot တွင် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများကို အမှီလိုက်နိုင်ရန် အတွက် သင်တန်းအများစု ကို အဆင့်မြှင့်တင်ပေးလေ့ ရှိပါတယ် ။ သင်တန်းအများစုများ သင်ကြားချိန် တိုတောင်းလှသော်လည်း သင်လိုအပ်မည့် သက်ဆိုင်ရာ အချက်အလက်များ အားလုံး နှင့် ပြည့်စုံပါတယ် ။
Courses we recommend:
• Digital marketing
• Social media marketing
• Content strategisation
• SEO
• Content marketing

9. Open Culture (https://www.openculture.com)
Open Culture ကတော့ အခြားသော Site များနှင့် မတူပဲ သက်ဆိုင်ရာ နယ်ပယ်များရှိ သင်တန်းများ အားလုံးကို
စုဆောင်း ပေးကာ လမ်းညွန် တစ်ခု အဖြစ် လုပ်ဆောင်ပေးပါတယ် ။ Stanford University မှ အွန်လိုင်း 
သင်တန်းများ နှင့် ကျောင်းသုံးစာအုပ်များ စုဆောင်းပေးထားသလို Audio Book များ ၊ E-Book များနှင့် 
Movie များလည်း မကြာခဏ တွေ့ရတတ်ပါတယ် ။

Courses we recommend:
• Digital photography
• Visual and digital design
• Creative writing and storytelling
• Video production
• Journalistic writing
ဒီနေ့ ခေတ်မှာတော့ ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်းခွင်များမှာ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေပြီး အတွေ့အကြုံကောင်းများ နှင့် စွမ်းဆောင်ရည်များ သိသာထင်ရှားစွာ တိုးတက်လာဖို့က အရေးကြီးပါတယ် ။ သင့် ကျွမ်းကျင်မှုတွင် အရည်အချင်ကောင်းများ ထပ်မံ တိုးမြှင့်ထာခြင်းသည် ပို၍ အရေးကြီးသလို လွယ်ကူလှသည်လည်း မဟုတ်ပါ ။ ဒါကြောင့် သင့်ရဲ့ ကျွမ်းကျင်မှုကို အခုပဲ အပေါ်က Website များမှာ လေ့လာရင်း တိုးမြှင်လိုက်ပါ ။
Ref: https://koolkanya.com/blogs/career-growth/new-world-new-skills-9-websites-to-upskill-for-free-as-content-creators/

Post a Comment

Previous Post Next Post

Comments