2023 Message for you.
၁။ ကိုယ့်ကိုယ်ကို ပိုချစ်ပါ။
ကိုယ့်ကိုယ်ကို အချိန်ပေးပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
၂။ စာဖတ်ပါ ၊ Audio book တွေကို
နားထောင်တတ်တဲ့အကျင့်ကို မွေးမြူပါ။
၃။ အသက်တစ်နှစ်ပိုကြီးပြီ ပန်းတိုင်ရောက်ဖို့
တနှစ်စာပိုနှီးပြီဖြစ်တဲ့အတွက် အချိန်ကို
တန်ဖိုးထားပါ။
၄။ အလုပ်ကြိုးစားပါ။ ပိုက်ဆံစုပါ။
၅။ Unfollow the negative people.
Negative ဖြစ်စေတဲ့သူတွေကို Unfollow လုပ်ပါ။ ကိုယ့်ရဲ့ Energy ကိုမဖြုန်းပါနဲ့။
၆။ ဘယ်သူ့ဆီမှာမှ အများကြီးမမျော်လင့်ပါနဲ့။
ကိုယ်ဆန္ဒ ကိုယ်တိုင်ဖြည့်ဆည်းနိုင်အောင်
ကြိုးစားပါ။
၇။ ကိုယ့်ကိုယ်ကို ဘယ်သူ့နဲ့မှ မနှိုင်းယဉ်ပါနဲ့။
သူလဲသူ့ဘဝနဲ့သူ ကိုယ်လဲကိုယ့်ခြေလှမ်းနဲ့
ကိုယ်ပါပဲ။
ကိုယ့်အရောင်နဲ့ ကိုယ်တောက်ပ တတ်ပါစေ။
၈။ တခြားသူ ဘယ်လိုထင်မယ်မလဲ ဆိုတဲ့
အတွေးကိုဖျောက်ပါ။ ပတ်ဝန်းကျင်ဆိုတာ
ကောင်းတာလုပ်လဲပြော မကောင်းတာလုပ်လဲ
ပြောနေမှာပဲ။
၉။ ကြောက်စိတ်မထားပါနဲ့တော့။
လုပ်ဖို့ အချိန်တန်ပြီ။
၁၀။ ကိုယ့်ကိုယ်ကိုအပေါ် အာရုံစိုက်ပါ။
ကိုယ့်ရည်မှန်းချက်အပေါ် အာရုံစိုက်ပါ။
၁၁။ မိသားစုကို အချိန်ပေးပါ။
ချစ်တဲ့သူကိုအချိန်ပေးပါ။
၁၂။ မိတ်ဆွေအသစ်တွေကို ပေါင်းကြည့်ပါ။
၁၃။ သေးမွှားတဲ့အရာပဲဖြစ်ဖြစ်
ကျေးဇူးတင်တတ်တဲ့စိတ်လေးကို ထားကြည့်ပါ။
၁၄။ ကိုယ့်ထက်တော်တဲ့သူကို မနာလိုမဖြစ်ပါနဲ့။
လေးစားပါ ၊ အားကျပါ ၊ အတုယူပါ။
၁၅။ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။
ကိုယ့်ဘဝအတွက် ကိုယ်လဲ တကယ်လုပ်နိုင်ပါတယ်။
ဘယ်လို အခက်အခဲဘဲလာလာ ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပါစေ။
နန်းသန်းသန်းဌေး(ဘဝစာပေ)
27.12.2022
#nanthanthanhtay
#2023goals

Post a Comment