အကောင်းဆုံးသော ယှဥ်ပြိုင်ခြင်း

အကောင်းဆုံးသော ယှဥ်ပြိုင်ခြင်း


ကျွန်တော်တို့ ကလေးဘဝတုန်းက social media ဆိုတာဝေးစွ၊ TV တို့ mobile phone တို့တောင် မြန်မာပြည်မှာ မရှိသေးပါဘူး။ အဲဒီအချိန်က ကြီးပြင်းခဲ့ရပုံကို ပြန်စဥ်းစားကြည့်မိရင် အမှတ်ရနေတာ တစ်ခုကတော့ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်ကိုသွားလည်ရင် ဧည့်ခန်းထဲက ဆိုဖာခုံမှာထိုင်ခိုင်းမယ်၊ ရင်းရင်းနှီးနှီးဆက်ဆံတဲ့ အနေနဲ့ ရှေ့က coffee table လေးပေါ် တင်ထားတဲ့ သူတို့ရဲ့ မိသားစု ဓာတ်ပုံတွေထည့်ထားတဲ့ family album မိသားစု ဓာတ်ပုံ album စာအုပ်ကြီးတွေကို ဖွင့်ပေးကာ ပုံတွေကြည့်ပါဦးလို့ ဆိုကာ ဧည့်ခံတတ်ကြတယ်။ ခရီးသွားတုန်းက၊ ဘွဲ့ယူတဲ့နေ့က၊ မဂ်လာဆောင်တုန်းက ရိုက်ထားတဲ့ ပုံတွေ၊ ဓာတ်ပုံအယ်လ်ဘမ် စာအုပ်ကြီးတွေနဲ့ အပြည့်ပေါ့။ အခုတော့ IT ခေတ်မှာ ဒီ အလေ့အထ မရှိတော့ပါဘူး။ photo album ကြီးတွေလည်း အဖိုးတို့ အဖွားတို့ရဲ့ ဘီရိုချောင်ထဲမှာ အိပ်ပျော်နေကြရောပေါ့။ 

အခု social media ကို နေ့စဉ် အသုံးများကြတဲ့ ခေတ်မှာတော့ photo album စာအုပ်ကြီးကို ဖွင့်ကြည့်စရာမလို၊ Facebook ဖွင့်လိုက်တာနဲ့ ကိုယ့် မိတ်ဆွေတွေ ဘာစားနေကြသလဲ၊ ဘယ်ရောက်နေကြသလဲ၊ ဘာတွေ ဝတ်ဆင်ထားသလဲ၊ လွတ်လွတ်လပ်လပ် အကုန်မြင်နေရတယ်။ ပုံတွေကို အားမနာတမ်း ကြိုက်သလောက် ကြာကြာ အကြိမ်ပေါင်းများစွာကြည့်ချင်သလား၊ zoom လုပ်ပြီး ချဲ့ကြည့်ချင်သလား၊ ကြိုက်သလိုသာလုပ်၊ သူ မြင်ရတာမှ မဟုတ်တာ။

အခုပြောချင်တဲ့ အဓိက အကြောင်းအရာကို ဆက်ပြောပါ့မယ်။ ဒီ social media အသုံးပြုမှုကြောင့် လူငယ်တွေအချို့အပေါ်ကို မလိုလားအပ်တဲ့ သက်ရောက်မှု တစ်ခုကို သတိထားမိလို့ ဒီ post ကိုရေးလိုက်တာပါ။ ကိုယ့်မျက်စိအောက် တွေ့နေရတဲ့ လူငယ်အချို့ကို သတိပြုကြည့်မိတော့ သူတို့ဟာ Facebook တို့ Instagram တို့မှာ သူတို့ရဲ့ ဓာတ်ပုံတွေကို တင်တတ်ကြပြီး၊ သူများတွေတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း စိတ်ဝင်စားစွာ ကြည့်တတ်ကြတယ်။ လူငယ် သဘာဝ social media ကို အပျော်သဘော for fun သုံးကြတာ အပြစ်ပြောစရာမရှိပါဘူး။ သို့သော် လူငယ်အချို့မှာ သူများတွေ တင်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သူတပါးကို အားကျတဲ့ စိတ်တွေဝင်ကာ၊ မိမိရဲ့ လက်ရှိအခြေအနေကို မကျေနပ်၊ စိတ်ဓာတ်ကျဆင်းတာမျိုးတွေ ဖြစ်တတ်ကြတာကို သတိထားစေချင်ပါတယ်။

မိမိကိုယ်ကို သူများတွေနဲ့ အမြဲတမ်း နှိုင်းယှဥ်နေတတ်တဲ့ စိတ်ဟာ ကိုယ့်အတွက် အကျိုးမရှိစေတဲ့ unhealthy social comparison ပါ။ အဂ်လိပ်စကားမှာ Keeping up with the Joneses ဆိုတဲ့ idiom တစ်ခုရှိတယ်။ ကိုယ့်ရဲ့ အိမ်နီးချင်းဖြစ်တဲ့ Jones တို့မိသားစုနဲ့ အမီလိုက်ပြိုင်တာ။ သူတို့ ကားအသစ်ဝယ်လိုက်ရင် ကိုယ့်အိမ်က ကားဟောင်းကို ရောင်း၊ ကိုယ်လည်း ကားအသစ်လိုက်ဝယ်ရမယ်။ သူတို့ ဂျပန်ကို vacation ခရီးသွားကြရင် ကိုယ်လည်း Singapore လောက် စျေးဝယ်ထွက်မယ်၊ ပြီးရင် သူတို့ထက် ပိုကြောအောင် ဘန်ကောက်လောက်တော့ ဆေးသွားစစ်လိုက်မယ်။ အဲဒီ Keeping up with the Joneses mentality ကြောင့် ကိုယ့်ဘဝဟာ မအေးချမ်းဘူး၊ မလိုတာတွေ လိုက်ပြိုင်နေကြလို့ stress စိတ်ဖိစီးမှုတွေ ပိုများလာတယ်၊ ပိုက်ဆံတွေ မလိုအပ်ဘဲ ပိုကုန်တယ်။ 

ဒီနေရာမှာ ဖတ်မှတ်ထားဖူးတဲ့ quotation လေးတစ်ခု သတိရမိတယ်။
“We buy things we don’t need with money we don’t have to impress people we don’t even like.”
"ကျွန်တော်တို့ဟာ ကိုယ်မလိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ့်မှာ မရှိတဲ့ ပိုက်ဆံနဲ့ ဝယ်ပြီး ကိုယ်မကြိုက်တဲ့ လူတွေကို အထင်ကြီးအောင် လုပ်ကြတာ။" တဲ့။ ပြိုင်ဆိုင်တတ်တဲ့ လူတွေရဲ့ အကျင့်ပေါ့လေ။

ဒါမျိုး မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်တာ၊ ပြိုင်ဆိုင်တာမျိုးဟာ အသက်တိုစေမယ့် unhealthy comparison , unhealthy competition သာဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့ အလုပ်ကြီးကိုလုပ်နေလို့ စိတ်ထောင်းကိုယ်ကြေ ဖြစ်စေလိမ့်မယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မတူနိုင်ပါဘူး။ ကိုယ်နဲ့ Jones နဲ့လည်း ဘယ်လိုပဲ လိုက်လုပ်လုပ် မတူနိုင်ပါဘူး။ မျက်နှာ၊ ကိုယ်လုံးကိုယ်ထည်၊ အသိဉာဏ်၊ ဝင်ငွေ အားလုံး အစစအရာရာ ကွာခြားကြပါတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး သူနဲ့ မတူချင်ပါနဲ့။

အဲဒီလို သူတစ်ပါးကို အပေါ်ယံကြည့်ကာ အားကျပြီး မိမိရဲ့ လက်ရှိအခြေအနေနဲ့ ပြန်နှိုင်းယှဥ်တတ်တဲ့ အကျင့်ရှိသူဟာ It is a recipe for everlasting unhappiness. ဘယ်တော့မှ ပျော်မယ့်သူ မဟုတ်ဘူးလို့သာ ပြောချင်ပါတယ်။ လူအတော်များများက social media မှာ တင်တတ်ကြတဲ့ သူတို့ရဲ့ ပုံတွေကလည်း cosmetic တွေ၊ special effect တွေနဲ့ photoshop လုပ်ထားတာမျိုးတွေ၊ သူတို့ဘဝရဲ့ အဆင်ပြေ သာယာလှပနေတဲ့ highlights ပုံလေးတွေ။ သို့သော် ဒီပုံတင်ဖို့ သူတို့ behind the scene နောက်ကွယ်မှာ ဘာတွေဖြတ်သန်းခဲ့ရသလဲ၊ ဘာတွေကို ဘယ်လို ကြိုးစားခဲ့ရသလဲ၊ စသည့် အမှန်တရားတွေကိုတော့ ဥာဏ်မျက်စိနဲ့ ကြည့်တတ်သူသာ မြင်နိုင်တာမျိုးပါ။ အဲဒီလိုမဟုတ်ဘဲ အပေါ်ယံလေးကြည့်ကာ သူများကို အားကျတဲ့ စိတ်တွေ
I wish I had a car like that!
I wish I had a house like his!
I wish I had a job like that!
I wish I had a husband like hers!
I wish I had a body like that!
စတဲ့ ကိုယ်နဲ့ အလှမ်းမမီတဲ့ I wish.... တွေများလာရင် depression စိတ်ဓာတ်ကျမယ်၊ inferiority complex မိမိကိုယ်ကို သိမ်ငယ်စိတ်ဝင်လာမယ်၊ ကိုယ့်ကိုယ်ကို အဖြစ်မရှိသူ loser တစ်ယောက်လို့ ခံစားလာရပြီး ဆက်ကြိုးစားဖို့ motivation ပါ ပျောက်ဆုံးသွားနိုင်တယ်။ ကိုယ်ရထားတဲ့ ဘဝကိုလည်း မကျေနပ်၊ မပျော်တော့ဘူးပေါ့။

ဆိုတော့ကာ အဲဒီလို အကျိုးမရှိမယ့် unhealthy social comparison အစား မိမိဘဝ တိုးတက်ဖို့ သူတပါးနဲ့ မယှဥ်ပြိုင်ဘဲ မိမိကိုယ် မိမိသာ ပြန်ယှဥ်ပြိုင်ပါလို့ လူငယ်များကို အကြံပြုပါရစေ။ yesterday me ထက် today me ပိုကောင်းအောင်၊ last month me ထက် this month me က ပို အကျင့်စာရိတ္တကောင်းအောင်၊ last year me ထက် this year me က ပညာ၊ ဥစ္စာတွေ ပိုမိုပိုင်ဆိုင်နိုင်အောင် ယှဥ်ပါ၊ ပြိုင်ပါ။ အနိုင်ရအောင်ကြိုးစားပါ။ မိမိရဲ့ benchmark for success and personal happiness ဟာ မိမိသာဖြစ်ပါစေ၊ တပါးသူ မဖြစ်ပါစေနဲ့။ ကိုယ်လေးစားအားကျရသူ Role model တစ်ယောက်လို ဖြစ်အောင် ကြိုးစားတာကိုတော့ အားပေးပါတယ်။

မိမိဘဝ အမှန်တကယ်တိုးတက်ပြီး စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ အောက်ပါ quotation လေးနှစ်ခုကို ဖတ်ကြည့် ဆင်ခြင်သုံးသပ်ကြည့်ကြပါလို့ ပြောရင်း ဒီ post လေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

“If you continuously compete with others, you become bitter, but if you continuously compete with yourself, you become better.”

“Compare yourself only to who you were yesterday. Be your own competition.”

With love,
Dr.Soe Than

Post a Comment

أحدث أقدم

Comments