🗣ဆိုးလိုက်တဲ့ချောင်း ကောင်းလိုက်တဲ့ဆေး
===============
အင်္ဂလိပ်ဆေး ဗမာဆေးစုံပြီး ချောင်းဆိုးမရပ်ပဲကြာရှည်ခံစားနေရသူ ဘကြီးပေးသောဆေးနည်း
စိုင်းမင်းသန့် ရေ့ အဘကဖျားပြီး အဖျားပျောက်တော့ ချောင်းကဆိုးတာ ဘာဆေးသောက်သောက်မသက်သာဘူးကွ ဆေးခန်းတွေလည်းစုံပြီ ဆိုးလိုက်တဲ့ချောင်းကွာ ညညမအိပ်ရဘူး ကြာတော့လူက အားအင်ကုန်ခမ်းလာတယ်
ကံကောင်းချင်တော့ ရွာကအသိမိတ်ဆွေများက တိုင်းရင်းဆေး ဆရာကြီး တစ်ယောက်နဲ့ ပြကြည့်ပါတဲ့ အဘလည်း ချောင်းဆိုးပျောက်ဖို့အတွက် မရှိမဲ့ရှိမယ့် ငွေ တစ်သိန်းကျော်ကုန်ပြီးပြီ အခုဆရာနဲ့မှ မသက်သာရင် မလွယ်ဘူးပေါ့ကွာ...
နောက်တော့ မနေနိုင်တဲ့အဆုံး ရွာက မိတ်ဆွေတွေ ပြောတဲ့ တိုင်းရင်းဆေးဆရာကြီးဆီသွားပြတယ်
ဆရာကြီးက တိုင်းရင်းဆေးအညွှန်းအတိုင်းသာလုပ်ကြည့်ဆိုပြီး ဆေးနည်းပေးလိုက်တယ် ဆေးဖိုးလည်းမပေးရပါဘူး မေတ္တာနဲ့ပေးလိုက်တာပါ
မယုံနိုင်လောက်အောင်ပါပဲ ပထမရက် ညနေ ဆေးတစ်ခွက်လုပ်သောက်တယ် သိသိသာသာချောင်းဆိုးသက်သာတယ် ညအိပ်ရတယ် နောက်နေ့မနက် လူကလန်းနေတယ်ကွာ...
ဒုတိယရက်ကို နောက်ထပ်ဆေး ညမနက်နှစ်ကြိမ်သောက်လိုက်တယ် ဟုတ်တယ်ဟေ့ ချောင်းဆိုးတာ တနေကုန်လို့ သုံးခါလောက်ပဲ ဆိုးတယ်
တတိယနေ့ ဆက်သောက်လိုက်တာ ချောင်းဆိုးကတော့ နင်နေငါသွားကိုဖြစ်ပြီး ပြန်ကောင်းသွားတယ် ဆေးတဖုံစာတောင်မကုန်လိုက်ပါဘူး
အိမ်ကလူတွေ ချောင်းဆိုးရင် ပထမဖော်ထားတဲ့ဆေးတိုက်တာ ချောင်းမဆိုးတော့ဘူး ရွာကဆွေမျိုးတွေနဲ့အသိမိတ်ဆွေတွေလည်း ပျောက်ကင်းကြတယ်
ငါ့တူစိုင်းမင်းသန့်က တိုင်းရင်းဆေးနည်းတွေ မျှဝေကုသိုလ်ယူနေတော့ အဘကပြန်ပြီး မျှဝေပြောပြရတာပါပဲကွယ်
#ဆေးနည်း
ရဲယိုရွက်ငါးရွက်ထပ် အိမ်သုံး ဆားကို ကြက်ဥ ( ၁ )လုံးစာထည့်ထုပ်ပြီးတော့ မီးဖုတ် ရဲယို အရွက်တွေကျွမ်းသွားရင် ဆားက လောက်စာလုံးတစ်လုံးသာသာ ကျန်လိမ့်မယ်
အဲ့ဒီ ဆားကို တစ်ခါသောက် ဆားဖုတ်မန်ကျဥ်းစေ့တစေ့ခန့်ကို သံပုရာသီးတခြမ်းညှစ်ပြီးသောက်ပေး။
ဆေးမတိုးသော ချောင်းဆိုချောင်းခြောက်သိသာစွာသက်သာပျောက်ကင်းပါသည်။
ကျွန်တော်လည်း ဖျားပြီး ချောင်းဆိုးကျန်ခဲ့သည် ထိုနည်းအတိုင်း ပြုလုပ်ပြီး သောက်ခဲ့တာ ချောင်းဆိုးပျောက်ကင်းခဲ့ပါသည်။
🙏🙏🙏
ကျေးဇူးအများကြီးတင်ပါတယ် အဘ
အားလုံးကျန်းမာ ချမ်းသာကြပါစေ...
Crd

إرسال تعليق