မ~~~နှလုံးသားနှင့်အနီးဆုံး🎶

🎶မ~~~နှလုံးသားနှင့်အနီးဆုံး🎶


🎶အပိုင်း ၁၂🎶

ဆူး နှင့် အဂ္ဂါ၏ လက်ထပ်ပွဲလေးက  အဆင်ပြေပြေနှင့် ပြီးသွားခဲ့လေသည်။ 
အကျဥ်းရုံးလက်ထပ်ခဲ့သော ပွဲလေးဆိုသော
ပွဲလေးဖြစ်သော်လည်း သတင်းစာထဲထည့်ကာ တစ်နိုင်ငံလုံးအတိအလင်းကြေငြာခဲ့လေသည်။ 

ဆူးကတော့ ဒေါ်သီသီ လုပ်သမျှကို ဘာတစ်ခုမှ ချိုသည့်ခါးသည့် ဝင်မပြောလေဘဲ ငြိမ်သက်နေလိုက်လေသည်။ ယခု လက်ထပ်ပွဲကလည်း သူမ အတွက် အရေးသိပ်မပါခဲ့ဘူး မဟုတ်လား။

မင်္ဂလာပွဲပြီးကတည်းက အိပ်ရာထက်ခွေနေသော သူမကို ကြည့်ပြီး အဂ္ဂါ သက်မနွေးနွေးကိုသာ ရှိုက်လိုက်မိလေသည်။ ပူဖောင်းဖောင်းဖြစ်လာလေသော ဗိုက်ကလေးကို တစိမ့်စိမ့်ကြည့်ရင်း ဘေးတစ်စောင်းအိပ်နေလေသော သူမ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ 

ကိုယ်ဝန်ကြောင့် ပြည့်တင်းလာသော သူမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း  ပူတင်းကာစ ဗိုက်ကလေးကို ကိုင်ကြည့်ချင်မိသည့် စိတ်တွေ ဖြစ်လာရလေသည်။ ကိုင်လိုက်လေလျှင် အိပ်နေသည့် သူမနိုးသွားမည့်ကိုလည်း စိုးရိမ်မိလေသည်။ 

မည်သို့မျှ မနေနိုင်သည့် အဆုံး သူမ မျက်နှာလေးကို ခိုးကြည့်ပြီး ဗိုက်မို့မို့လေးကို ပွတ်သပ်လိုက်မိလေသည်။

"ဘာ ဘာလုပ်တာလဲ"

အအိပ်စက်လွန်းသည့် ဆူး။ ဗိုက်ပေါ်ရွစိရွစိ ပြေးလွှားနေသော လက်တစ်စုံကြောင့် လန့်နိုးသွားရလေသည်။ 

"ဟင် ၊ ဟို ဟို"

ရုတ်တရတ် ငုတ်တုတ်ထထိုင်လိုက်သော ဆူးကြောင့် အဂ္ဂါ ကြောင်တက်တက်ဖြစ်သွားရလေသည်။ 

"ငါ့ မေးနေတယ်လေ"

ဒေါသမျက်ဝန်းလေးတွေဖြင့် မေးလာသော သူမကို မဝံ့မရဲကြည့်ပြီး 

"ကျွန်တော် ကလေးလေးကို ကိုင်ကြည့်ချင်လို့"

ခေါင်းငုံ့ကာပြောနေလေသော သူ့အား သူမ ခပ်စူးစူးပြန်ကြည့်ရင်း 

"လာမကိုင်နဲ့  နင်နဲ့ မဆိုင်ဘူး"

ရန်တွေ့ကောင်းသည့် အစ်မကြီး။ လူကို ရန်တွေ့ပြီး တစ်ဖက်ကို စောင်းအိပ်သွားပြန်ပါသည်။ ဘာတက်နိုင်မလဲ ကိုယ့်အပြစ်နှင့် ကိုယ့်မို့ အသာငြိမ်နေလိုက်ရလေသည်။  ဒီကနေ့ညတော့ မင်္ဂလာသတိုးသား ဖြစ်သည့် သူက သူမ အနားလည်း မကပ်ရဲ။ ဆိုဖာပေါ်သာ နှစ်ပါးသွားပြီး အိပ်စက်လိုက်ရလေသည်။
                            🎶🎶🎶

ခြွေ မျှော်လင့်ခဲ့သည့်က ကိုကို အချစ်ကို  ခြွေ  တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ရမည်ဟု ထင်မှတ်ခဲ့ဖူးလေသည်။ အခုတော့ ခြွေ မဟုတ်သည့် အခြားတစ်ယောက်ကို ကိုကိုက လက်ထပ်သွားပြီပေါ့။ ခြွေ သိပါသည်။ ဟိုအရင်ကတည်းက ခြွေ အပေါ် ကိုကို ညီမလေးတစ်ယောက်ထက် မပိုခဲ့သည့်ကို။ 

သတင်းစာရွက်ကို ကိုင်ရင်း ချစ်တတ်ကာစ နှလုံးသားလေးကြောင့် ခြွေ မျက်ရည်တွေကျနေရလေသည်။ ခြွေ အချစ်တွေက ကိုကို့အတွက် အပေါစားဆန်ခဲ့လေသလား။ ခြွေ နှလုံးသားက ချစ်တတ်မှုကို ကိုကို လုံးဝ မမြင်ခဲ့သည့်က ခြွေကို နာကျင်စေရလေသည်။  မြတ်လေးခြွေ ဆိုသော မိန်းမတစ်ယောက်ရဲ့ နှလုံးသားက ယောကျာ်းတစ်ယောက်အတွက် ကျရှုံးခဲ့ပြီးသားမို့ နောက်ထပ်ချစ်ဖို့ရာ အသည်းနှလုံးက ဗလာနိတ္ထိဖြစ်၍ သွားရပြီ ဖြစ်သည်။

ကိုကို ချစ်ရသူနှင့်  ထာဝရပျော်ရွှင်ပါစေ ဆုတောင်းပေးရင်း မြတ်လေးခြွေ မျက်ရည်တွေကို မသိမသာ သုတ်ပစ်လိုက်မိလေသည်။  
                            🎶🎶🎶

"သမီး ဆေးခန်းသွားရင် သားကို ခေါ်သွားလေ"

မေမေ စကားကို ဆူး အင်း မလုပ် အဲမလုပ်။ ဖြစ်နိုင်လေလျှင် ဆူး ဒီယောကျာ်းနှင့် မပတ်သတ်ချင်ပေ။ ထိုကြောင့် ဆူး နေလကိုသာ လှမ်းခေါ်လိုက်မိလေသည်။

"ဒေါ်ဗိုက်တို့များ လှလို့ဝလို့ပါလား"

ပေါ်တီကိုအောက် ကားရပ်ပြီး အိမ်ထဲဝင်လာသော ဘုန်းနေလမှ ပြောလိုက်ခြင်း ဖြစ်သည်။ စူမို့မို့ ဗိုက်ကလေးဖြင့် ကိုယ်ဝန်ဆောင် တစ်ဦး၏ သင့်တင့်စွာ လှပနေသော အလှကို ကြည့်ရင်း  နေလ ပြုံးနေမိလေသည်။ 

ဒီအမျိုးသမီးလေးနှင့် မိတ်ဆွေဖြစ်ခွင့်ရသည့်က သူ့ အတွက် ဘုရားပေးသည့် ဆုတစ်ခုပင် ဖြစ်သည်။

"နင်ကလဲဟယ် နောက်ကျလိုက်တာ၊ og ပြဖို့ နင့်ကို အဖော်ခေါ်ရတာလဲ  တကယ်ပါပဲ မပြောချင်ဘူး"

"နင်ကလည်း ဆူးရယ်၊ ငါ့ကို တွေ့ရင် ပွားဖို့ပဲ တွေးနေသိလား၊ ဒီမနက် အက်စစ္စဒန့် လူနာ ၃ဦးလောက်ရောက်တယ်ဟ၊ ငါ့တို့ အလုပ်ရှုပ်နေတာ၊ အဲ့လိုဆို နင့်ကို သတိရတယ်သိလား"

ရယ်ရယ်မောမောဖြင့် ပြောနေလေသော နေလကို ဆူး မျက်စောင်းဝံ့ကာ ကြည့်လိုက်ပြီး 

"အတော်ပဲနော်၊ ငါ့ သူငယ်ချင်း သတိရတာ တော်လိုက်တာ အလုပ်တွေများမှ ငါ့ကို သတိရသိလား၊ ဟွန့်"

"အမလေး မဗိုက်ရယ် ၊ နှုတ်ခမ်းလည်း ရှေ့ထွက်မလာပါနဲ့ ကျုပ်လည်း ထိုးမိပါဦးမယ်"

"နင်ဟာလေ တကယ်ပါပဲ နေလရယ်"

မျက်စောင်းလေးဝံ့လာသည့် သူမ မျက်စောင်းလှလှက အစ သူ့ မြတ်နိုးခဲ့ဖူးသည်။ အခုတော့လည်း ချစ်ရသူကို အဝေးက ငေးကြည့်နေရုံမှ လွှဲ၍ သူ့ အဖြစ်က ပိုင်ဆိုင်ခွင့် မရှိခဲ့ပေ။ သူမလေးက ဆိုင်သူရှိနှင့်နေပြီမို့~~~~။
                          🎶🎶🎶

အဂ္ဂါ ဧည့်ခန်းမှာ စကားပြောနေလေသော သူမ နှင့် ဘုန်းနေလဆိုသော လူကို ကြည့်ပြီး စိတ်က ဘဝင်မကျခြင်တော့ပေ။  ထိုကြောင့် လှေကားတွေအတိုင်း ဆင်းလာခဲ့ပြီး

"ဘယ်သွားမလို့လဲ"

"ဆေးရုံးသွားမလို့"

သူ့ကို မကြည့်လေဘဲ ပြန်ပြောနေသည့် ဆူးကို အဂ္ဂါ စိတ်တိုချင်မိလေသည်။ သူမနှင့် အတူရှိနေသော ဘုန်းနေလဆိုသော ဒေါက်တာကောင်ကိုလည်း စိတ်က အချဥ်ပေါက်ချင်လာလေသည်။

"ကျုပ် လိုက်ပို့မယ်"

သူ့ စကားကြောင့် ဆူး သူ့ကို လှည့်ကြည့်ကာ မဲ့လိုက်ပြီး

"ကိုယ့်နေရာကိုယ်နေ ကိုယ့်အလုပ်မဟုတ်ရင် ဝင်မရှုပ်နဲ့ မင်းအဂ္ဂါ"

ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားရန် ပြင်နေသော ဆူးရဲ့ လက်ကို သူ့ လှမ်းဆွဲလိုက်ပြီး 

"og ပြဖို့အထိ အခြားသူစိမ်းတစ်ယောက်နဲ့ သွားဖို့ဆိုတာ ဖြစ်သင့်ရဲ့လား၊ ဒေါ်ဆူးပန်းရိပ်"

"အို ဖယ်စမ်းပါ နင်လက်တွေ"

သူ့ လက်ကို ပုတ်ထုတ်နေသော သူမကို စိတ်ထဲမချင့်မရဲ ဖြစ်သွားကာ သူ့ ခပ်စူးစူးကြည့်လိုက်ပြီး 

"ကျုပ်က ခင်ဗျားရဲ့ ကာမပိုင်လင်ယောကျာ်းဆိုတာလဲ သတိရဦး ဒေါ်ဆူးပန်းရိပ်"

သူ့ စကားကြောင့် ဆူး ခပ်မဲ့မဲ့ပြုံးလိုက်ပြီး 

"စာချုပ်တစ်ခုမှာ နှစ်ဦးလက်မှတ်ထိုးလိုက်တာနဲ့ တရားဝင်လင်မယားဖြစ်သွားပေမယ့် လူနှစ်ဦးက ပတ်သတ်ချင်ဦးမှလေ အဂ္ဂါ၊ နင့် ကလည်း ငါ့ကို ဇနီးမယားတစ်ယောက် အဖြစ် လက်မခံနိုင်သလို ငါ့ကလည်း နင့်ကို လင်ယောကျာ်းအဖြစ် မသတ်မှတ်နိုင်ဘူးဆိုတာ နင် မြဲမြဲမှတ်ထား"

မာနရောင် လဲ့နေသော သူမ မျက်ဝန်းတွေမှ ပြောသော စကားတွေက ပြတ်သားလွန်းလှလေသည်။ သူမ သဘောက သူ့ကို လင်ယောကျာ်းဖြင့် မသတ်မှတ်သလို သူ့ကို အားမကိုး ဘူး ဟူသော သဘော။

စကားအဆုံးတွင် ဘုန်းနေလနှင့် အတူ သူ့ အရှေ့မှ ထွက်သွားသော သူမကို စိတ်အလိုမကျစွာ သူ့ ကြည့်နေလိုက်မိလေသည်။

"ကျုပ် စိတ်တွေ အတက်နိုင်ဆုံးထိန်းချုပ်နေမှ ခင်ဗျားလုပ်ရပ်တယ် ဒေါ်ဆူးပန်းရိပ်"
                          🎶🎶🎶

စာရေးသူ
မေခြူးသွယ်

Post a Comment

أحدث أقدم

Comments