တစ်ယောက်တည်း အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အားကိုးတတ်ဖို့ လိုပါတယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း နိုးထရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း အားပေးရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း အဖော်ဖြစ်ပေးရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း ပျော်ရွှင်မှုတွေ ရယူပေးရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း မျက်ရည်သုတ်ပေးတဲ့သူ ဖြစ်ရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း လက်ခုပ်တီးပေးတဲ့သူ ဖြစ်ရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ အမြဲတမ်း အောင်မြင်မှုတွေ ရယူပေးရမယ် ။
ကိုယ့်အတွက် ကိုယ်ပဲ ကိုယ့်ဘေးနားမှာ အမြဲတမ်း ရှိပေးရမယ် ။
ဒါဆိုရင် ကိုယ့်ရဲ့အတ္တအတွက် ကိုယ့်စိတ် အလိုမကျခြင်းတွေ့ကြုံရတိုင်း သူတစ်ပါးကို ဘေးနားမှာ ရှိနေပေးဖို့ ဘယ်တော့မှ တောင့်တတော့မှာ မဟုတ်သလို
ဘယ်သူ့ကိုမှလည်း စောင့်မျှော်ချင်မှာ မဟုတ်တော့ပါဘူး
📖 “ အတ္တဖြေဆေး ” စာအုပ်မှ
#အတ္တဖြေဆေး
#မျိုးဆက်သစ်အရှင်ဖိုလေးလုံး M.A ဓမ္မာစရိယ

إرسال تعليق