လူချစ်လူခင်များတဲ့ သူတွေလုပ်လေ့ရှိတဲ့ အကျင့်(၉)မျိုး

လူချစ်လူခင်များတဲ့ သူတွေလုပ်လေ့ရှိတဲ့  အကျင့်(၉)မျိုး


🍎(၁) ဖြတ်မပြောပဲနားထောင်ခြင်း

သူတို့တွေက သင်စကားပြောနေရင် ဘယ်တော့မှဖြတ်ပြောလေ့မရှိပါဘူး။ သင့်ခံစားချက်တွေကို အမှန်တကယ်စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။ သင့်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိနားထောင်လေ့ရှိပါတယ်။

🍎(၂) လှိုက်လှိုက်လှဲလှဲပြုံးလေ့ရှိခြင်း

လှိုက်လှိုက်လှဲလှဲပြုံးပြခြင်းက လူသားအားလုံးကိုနွေးထွေးစေပါတယ်။
ဒါကို သူတို့က ကောင်းကောင်းကြီးသဘောပေါက်တဲ့အပြင် အသုံးလည်းအသုံးချတတ်ပါတယ်။

🍎(၃) အမိန့်ပေးသောပုံစံဖြင့်စကားမပြောခြင်း

သူတို့ကဘယ်တော့မှ အမိန့်ပေးတဲ့ပုံစံနဲ့စကားပြောလေ့မရှိပါဘူး။ သူများလည်းပြန်ပြောလို့ရအောင် လမ်းခင်းပေးထားပါတယ်။ သူတို့ရဲ့အသံကိုက နွေးထွေးမှုရှိပါတယ်။

🍎(၄) ရယူလိုခြင်းမရှိပဲပေးကမ်းခြင်း

သူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မမျှော်လင့်ပဲ ပေးကမ်းတတ်ကြပါတယ်။

🍎(၅) ဆင်ခြေမများပဲပျော်ရွှင်စွာနေထိုင်တတ်ခြင်း

သူတို့က မလိုအပ်တဲ့အကြောင်းပြချက်တွေ ပေးလေ့မရှိပါဘူး။ သူတို့ဘယ်လိုပျော်ရွှင်အောင်နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။ ဆင်ခြေတွေအများကြီးနဲ့ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ပါဘူး။

🍎(၆) ကတိမမေ့တတ်ခြင်း

သူတို့က ဘယ်တော့မှကတိကိုမမေ့တတ်ပါဘူး။ ကတိထိန်းသိမ်းခြင်းကို သူတို့ဘ၀ရဲ့အရေးအကြီးဆုံးအရာအဖြစ်ခံယူထားပါတယ်။ မပိုင်နိုင်ပဲလည်း ကတိပေးလေ့မရှိပါဘူး။ပေးပြီးသားကတိလည်းပျက်လေ့မရှိပါဘူး။

🍎(၇) ခွင့်လွှတ်တတ်ခြင်း

သူတို့က စိတ်အနှောက်အယှက်ဖြစ်စရာများကိုဘယ်တော့မှ စိတ်ထဲအကြာကြီးထားလေ့မရှိပါဘူး။ သူတို့ပေါ်အမှားလုပ်သူတွေကိုလည်း အလွယ်တကူခွင့်လွှတ်တတ်ပါတယ်။ စိတ်ကောက်ခြင်းမရှိတတ်ပါဘူး။

🍎(၈) ရိုးသားခြင်း

သူတို့က စကားအမှန်ကိုပဲပြောလေ့ရှိပါတယ်။ ဘယ်တော့မှမဟုတ်မမှန်လုပ်ကြံစကားမျိုးမပြောတတ်ပါဘူး။ သူတစ်ပါးထိခိုက်မည့် စကားမျိုးကိုဘယ်တော့မှပြောလေ့မရှိပါဘူး။

🍎(၉) အကောင်းမြင်တတ်ခြင်း

သူတို့က အကောင်းမြင်လေ့ရှိတတ်ကြပါတယ်။ သူတို့က သင့်အတွက်ဆိုးရွားတယ်လို့ထင်ရတဲ့အရာတွေကိုတောင် အကောင်းမြင်လေ့ရှိပါတယ်။

#Credit_To_Original_Writer

Post a Comment

أحدث أقدم

Comments