ဘယ်လောက်ပဲနားလည်ပါတယ်ပြောပြော မိဘမဲ့ကလေးတစ်ယောက်ရဲ့ သိမ်ငယ်မှုကို သူတို့ နားမလည်နိုင်ကြပါဘူး ။

ဘယ်လောက်ပဲနားလည်ပါတယ်ပြောပြော
မိဘမဲ့ကလေးတစ်ယောက်ရဲ့ သိမ်ငယ်မှုကို 
သူတို့ နားမလည်နိုင်ကြပါဘူး ။


ဘယ်လောက်ပဲစာနာပါတယ်ပြောပြော 
ဆင်းရဲချို့တဲ့ တဲ့လူတစ်ယောက်ရဲ့ 
အားငယ်မှုတွေကို သူတို့ သဘောပေါက်မှာ မဟုတ်ပါဘူး ။

ဘယ်လောက်ပဲ ကိုယ်ချင်းစာပါတယ်ပြောပြော 
အဲ့ဒီလို ဒုက္ခမျိုး အခက်အခဲမျိုး သောကမျိူး 
ခံစားမှုမျိုး မခံစားဖူးသရွေ့ ကိုယ်ချင်းစာတရားက 
ထိရောက်မှာ မဟုတ်ဘူး ။

လူတစ်ယောက်ဟာ 
သူ မကြုံဖူးသေးတဲ့အရာတွေရှိနေသရွေ့ 
ကာယကံရှင်ရဲ့ခံစားချက်ကို 
မျှဝေခံစားပေးတတ်မှာ မဟုတ်ဘူး ။

#သက်ထားခင်(THK)
#ကိုယ်ချင်းစာတရား
April 18,2018

Post a Comment

أحدث أقدم

Comments