ချစ်သူရည်းစားမထားပါနဲ့

ချစ်သူရည်းစားမထားပါနဲ့


တစ်ယောက်တည်းနေတာလည်း အေးချမ်းပါတယ်
အကယ်၍ အပေးအယူမညီတဲ့ relationship ဆိုရင်လည်း ရပ်တန့်ပစ်လိုက်ပါ ကိုယ့်အတွက်ကိုယ်ပျော်အောင်နေဖို့က ပိုအရေးကြီးတယ်မဟုတ်လား

ကော်ဖီတစ်ခွက်ရဲ့အရသာကိုခံစားဖို့အတွက်
အဖော်မလိုပါဘူး မင်းသာကော်ဖီကိုတကယ်ကြိုက်ရင်
တစ်ယောက်တည်းသောက်လည်း အရသာမပြောင်းလဲသွားသလို 
ကော်ဖီအပေါ်ရူးသွပ်တဲ့ခံစားမှုကလည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး
အဲလိုပဲ မင်းသာ single ဘ၀ရဲ့လွတ်လပ်မှုကို
ခုံမင်နှစ်သက်သွားပြီဆိုရင် ဘာလုပ်လုပ်အဖော်မလိုပါဘူး
တစ်ခါတစ်လေ အထီးကျန်မှုအတွက်တော့ သူငယ်ချင်းတွေလည်းရှိတယ်မဟုတ်လား
ဒါမှမဟုတ်ရင်လည်း သီချင်းတွေနဲ့အဖော်ပြုပေါ့
စကားလာပြောမယ့်သူမရှိခြင်းက နားကြပ်တစ်ဖက်ဖြုတ်ပြီး သူတို့ပြောသမျှ လိုက်နားထောင်ပေးစရာမလိုဘူးပေါ့

လိုချင်တာတွေဝယ်ပါ စားချင်တာတွေစားပါ
သွားချင်တဲ့နေရာသွားပါ အိပ်ချင်တဲ့အချိန်အိပ်ပါ
ဖုန်းပိတ်ထားပြီး စာအုပ်တွေဖတ်ပါ ဘ၀အတွက်
message ပေးတဲ့ဇာတ်လမ်းကောင်းလေးတွေကြည့်ပါ
ပျင်းနေရင် fancy ကားလေးတွေကြည့်ပြီးရယ်ပေါ့
အားမရသေးရင် drama ကားတွေကြည့်ပြီး
တစ်ယောက်တည်းအကျယ်ကြီးငိုလို့ရသေးတယ်နော်
ပိတ်ပင်မယ့်သူမရှိခြင်းက မင်းကိုယ်တိုင်ဘာလုပ်နေမှန်းမေ့နေတဲ့အထိ လွတ်လပ်ပါတယ် ကိုယ့်ဘ၀ရဲ့ပျော်စရာကို ကိုယ်တိုင်ရှာတာအကောင်းဆုံးပဲမို့
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းအတွက် တစ်စုံတစ်ဦးရဲ့လွှမ်းမိုးမှုကိုမှမခံပါနဲ့

အလုပ်ကြိုးစားပါ ပိုက်ဆံစုပါ
ကျောင်းသားဆိုရင်မုန့်ဖိုးတွေစုပေါ့
ပြီးရင် ကမ္ဘာပတ်ဖို့မတွေးပါနဲ့ဦး ကိုယ့်နိုင်ငံမှာတင်လည်ပတ်စရာတွေအများကြီးရှိပါသေးတယ် အရင်နှံ့အောင်လည်ပါ သမိုင်းဝင်နေရာတွေကိုသွားပြီးလေ့လာပါ
အမှတ်တရတွေယူတဲ့အခါ selfie ရိုက်ပေါ့
selfie ဆိုတာ တစ်ယောက်တည်းသမားတွေအတွက်ပဲလေ

မင်းလိုချင်တဲ့ပန်းတိုင်ကို အာရုံစိုက်လိုက်ပါ
မင်းအတွက် အကျိုးရှိမယ့်အရာတွေကိုလေ့လာပါ
မင်းရည်ရွယ်ထားတဲ့ပန်းတိုင်ဆီရောက်အောင်သွားပါ
မင်းအောင်မြင်လာတဲ့တစ်နေ့ မင်းကိုယ်တိုင်
single ဘ၀ကိုငြီးငွေ့လာတဲ့အခါ တစ်စုံတစ်ယောက်ရဲ့လက်ကိုတွဲလိုက်ပါ
ဘယ်အရာမှနောက်ကျသွားတယ်ဆိုတာမရှိပါဘူး
အချိန်မတိုင်ခင်သာ အိမ်ထောင်မကျစေနဲ့ဦး

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့တွေးနေသမျှကာလပတ်လုံး
ဘယ်သူ့အချစ်တွေနဲ့ ဘယ်လိုပဲသိုက်သိုက်ဝန်းဝန်းနေရနေရ
အထီးကျန်တယ်လို့ပဲခံစားနေရမှာပါ
မင်းမှာတော့ အဲလိုဆိုက်ကိုမရှိဘူးမလား
ဒါဆို မင်း single ဘ၀မှာပျော်အောင်နေဖို့မခက်ခဲပါဘူး

#Credit_to_original_wri

Post a Comment

Previous Post Next Post

Comments