လွတ်ချလိုက်ပါ​တော့ အချို့မှတ်သားမှု​တွေက ဘာမှအသုံးမ၀င်​တော့ပါဘူး ။

လွတ်ချလိုက်ပါ​တော့
အချို့မှတ်သားမှု​တွေက
ဘာမှအသုံးမ၀င်​တော့ပါဘူး ။


​ရောင်ရဲလိုက်ပါ​တော့
တစ်ချို့ ရှာ​ဖွေမှု​တွေက 
ဘာမှအသုံးမတည့်​တော့ပါဘူး ။

သည်းခံလိုက်ပါ​တော့
တစ်ချို့​စော်ကားမှု​တွေက
ကိုယ့်ကို ဘာမှမထိခိုက်ပါဘူး ။

တစ်ယာက်ထဲ​နေပါ​တော့
တစ်ချို့​သောဆက်ဆံမှု​တွေက
ကိုယ့်အတွက် အ​ရေးမပါပါဘူး ။

ခွင့်လွတ်လိုက်ပါ​တော့
တစ်ချို့​သော အပြစ်​တွေက
ကိုယ့်​ဒေါသ​လောက်မ​ပြောပ​ပါဘူး ။

ရိက္ခာထုတ်ပါ​တော့
ကိုယ့်အတွက်​နေဖို့အချိန်​တွေ
ဘာမှ မကျန်​တော့ပါဘူး ။

အစွဲ​တွေ​လျော့ပါ​တော့
ဘယ်သူမှကိုယ့်ကိုမကယ်နိုင်ပါဘူး ။

     🙏 သာရ ဂ ဝေ သီ🙏
#credit.......
​မေတ္တာဖြင့် မျက်​၀န်း ( စကားဝါ​မြေ )

Post a Comment

Previous Post Next Post

Comments