ပေးပါဦးလို့ ……❗ 🔳 လက်ဖြန့်တောင်းလို့ရတဲ့ အရာထဲမှာ 🔳 ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ မပါဘူး ။

🔳 ပေးပါဦးလို့ ……❗
🔳 လက်ဖြန့်တောင်းလို့ရတဲ့ အရာထဲမှာ
🔳 ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ မပါဘူး ။


🔳 တုန့်ပြန်မှုက မထိရောက်သေးဘူးဆိုရင်
🔳 ပေးဆပ်မှုက မလုံလောက်သေးလို့ မှတ်ပါ ။

🔳 ကိုယ့်ဘက်က အတုပေးပြီး ……
🔳 သူ့ဘက်က အစစ်ပြန်လိုချင်လို့ မရဘူး ။

🔳 ကိုယ့်တန်ဖိုးကို နားလည်စေချင်တဲ့အခါ
🔳 သူ့တန်ဖိုးကိုလဲ ……❓
🔳 ကိုယ်က အရင်နားလည်ပေးရတယ် ။

🔳 တစ်ချို့က 
🔳 ငါ့နေရာကို ဝင်ကြည့်ပေးပါဦးပြောပေမယ့်
🔳 သူ့နေရာကျ အစားဝင်ကြည့်မပေးတက်ဘူး ။

🔳 ကိုယ့်အဆင်မပြေမှုကို ညည်းပြတက်ပေမယ့်
🔳 တစ်ပါးသူဒုက္ခကိုတော့ ဖြည့်တွေးမပေးတက်ဘူး ။

🔳 ဘယ်သူက ပိုအထိနာတယ်လို့ မရှိပါဘူး ။
🔳 ဘဝနဲ့ရင်းထားရတဲ့ ဒဏ်ရာမှန်သမျှဟာ
🔳 နာတက်ရင်တော့ သေတက်တာချည်းပဲ ။

🔳 မှတ်ထား❗
🔳 ကိုယ်ချင်းဆိုတာ ……
🔳 ကိုယ့်မထိခင်ကတည်းက စာတက်ရတယ် ။

🔳 အချစ်ခံရတဲ့ သူဆိုပြီး ……
🔳 နေရာတကာ အနိုင်မကျင့်ချင်ပါနဲ့ ။

🔳 အသားနာတာထက် ……
🔳 အသည်းနာတာက ပိုခံရခက်တယ် ။

🔳 သဘောကောင်းတဲ့သူတွေကို ……
🔳 အမြဲတမ်း နာကျင်အောင် မလုပ်ပါနဲ့ ။

🔳 သည်းမခံနိုင်တော့လို့ ပြတ်သားသွားတဲ့အခါ
🔳 ဘယ်တော့မှ ပြန်လှည့်မကြည့်တက်တော့ဘူး။

#လေးစားစွာဖြင့်
ပန်းပျိုးလက်
#နှလုံးသားအဟာရစာစုလေးများ

Post a Comment

أحدث أقدم

Comments