💗ခါးသက်သော အမုန်း💗
💗အပိုင်း ၅💗
"ကျစ် စဥ်းစားစမ်း မိဝိုင်၊ စဥ်းစားစမ်း"
အခန်းထဲမှာ တစ်ယောက်ထဲ တောက်မြှောက်လျှောက်ရင်း စဥ်းစားခန်းဝင်နေမိလေသည်။ သူငယ်ချင်း ဖြစ်သူ ပပရဲ့ စကားများအောက်တွင် သူမ အတွေးတွေ ထူပူနေရလေသည်။ ချစ်ယွန်း မိဘတွေနှင့် သူက သွားတွေ့မည်တဲ့။ အို ဒုက္ခပါပဲ။ တစ်ဖက်သတ်အချစ်က အရမ်းပူလောင်လိုက်တာ။
သူမ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်တွဲပြလည်း ညီလင်းကိုကို ဆိုသော လူကတော့ သူမကို ရှိသည့်ပင် ထင်ပုံမရပေ။ သူမမှာသာ သူ့ကို တိတ်တခိုး တွယ်တာစိတ်ကြောင့် လုပ်မိလုပ်ရာလုပ်ခဲ့သည့်မှာ အမှားများစွာဖြင့်။
"ဟာ ဟုတ်ပြီ"
လျှင်မြန်စွာ အခန်းထဲမှ ပြေးထွက်လာသူက ဝိုင်။
"ဒေါက် ဒေါက် ဒေါက်"
ဖခင် ဖြစ်သူ ဦးနေနိုင်၏ အခန်းတံခါးအား အဆက်မပြတ် ထုခေါက်နေမိလေသည်။
"ဂျောက် "
"သမီးဝိုင်"
အခန်းတံခါးဖွင့်သံနှင့် အတူ တအံ့တသြ သူမ အမည်ကို ခေါ်လိုက်သူက ဖခင်ကြီး ဦးနေနိုင် ဖြစ်သည်။
"ဒယ်ဒီ ဝိုင် ဝင်ခဲ့မယ်နော်"
"လာလေ သမီး"
ဖခင်ကြီး၏ ရှေ့တွင် ရိုကျိုးစွာဖြင့် အခန်းထဲဝင်လာခဲ့သူက ဝိုင်ဖြစ်သည်။
"ကဲ ဒယ်ဒီဆီ လာတာ ဘာကိစ္စလဲ သမီး"
"ဟို ဟိုလေ ဝိုင် အိမ်ထောင်ပြုမယ်လို့ ဒီအချိန်မှာ ပြောရင် ဒယ်ဒီ စိတ်ဆိုးမှာလား ဟင်"
သနားစရာမျက်ဝန်းဝိုင်းလေးတွေဖြင့် မေးလာသော သမီးကို ကြည့်ရင်း ဦးနေနိုင် ဘာဆက်ပြောရမှန်း မသိလေအောင် ဆွံ့အသွားရလေသည်။
"ဟင် ဒယ်ဒီ၊ ဝိုင်ကို စိတ်ဆိုးမှာလား ဟင်"
ဦးနေနိုင် သမီးဖြစ်သူကို သက်ပြင်းရှိုက်ကာ ကြည့်လိုက်ပြီး
"ဝိုင် ကို ဒယ်ဒီစိတ်မဆိုးဘူး၊ ဒါပေမယ့် ဝိုင် လက်ထပ်မဲ့ သတိုးသားက ဝိုင်အတွက် သင့်တော်မယ့်သူ ဖြစ်ဖို့ အရေးကြီးတယ်"
"အဟီး ညီလင်းကိုကို ဆိုရင်ရော"
"ဟေ သား ညီနဲ့ သမီးက"
တအံ့တသြ ပြောလာသော ဒယ်ဒီကြောင့် ဝိုင် ငိုမဲ့မဲ့ မျက်နှာလေးဖြင့်
"ဝိုင်ကသာ တစ်ဖက်သတ် သူ့ကို စိတ်ဝင်စားနေရတာပါ ဒယ်ဒီ၊ သူက ဝိုင်ကို ရှိတယ်တောင် မထင်ဘူး၊ ဝိုင် သူ့ကို ချစ်တယ် ဒယ်ဒီ ၊ ဝိုင် သူ့ကို လက်ထပ်ချင်တယ်၊ ဝိုင် ဝိုင်ကို သူနဲ့ ပေးစားပါ ဒယ်ဒီရယ်"
"သြော် သမီးလေးရယ်"
မိတဆိုး သမီးလေးမို့ ချစ်သမီးလေး၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရန် ဦးနေနိုင် ဆုံးဖြတ်မိလိုက်လေသည်။ ညီလင်းကိုကို ဆိုသည့်မှာ ကိုယ့်မျက်စိရှေ့ကြီးပြင်းလာသူ ဖြစ်သဖြင့် သဘောမတူနိုင်စရာ ဘာအကြောင်းမှ မရှိပေ။ ထိုကြောင့် ရဲကျော်နှင့် ကလေးတွေ လက်ထပ်ဖို့ စီစဥ်ရမည်။ ဤအချိန် ဤ အခါက ဝိုင် ဒီလမ်းကို ရွေးမိသည့်ကို မှားသည့်ဟု ဘယ်သော အခါမှ မတွေးမိခဲ့ပေ။ နောင်တရစရာ ဖြစ်ခဲ့သည့်ကိုသာ သိခဲ့လေလျှင်~~~~။
💗💗💗
"သား နှင်းဆီဝိုင်ကို လက်မထပ်နိုင်ဘူး အဖေ"
"သား"
ပြတ်သားစွာ ငြင်းလိုက်သော သား၏ စကားကြောင့် ဦးရဲကျော် ဦးခေါင်းကို ဘယ်ညာခါယမ်းပြီး
"ဆရာတို့ သားဖရဲ့ ကျေးဇူးက တို့သားဖ အပေါ်မှာ အရမ်းများတယ် သားရယ်၊ တို့ သားဖ ဆရာတို့ ကျေးဇူးကို ဆပ်ဖို့ နှင်းဆီဝိုင်ကို သားလက်ထပ်ရမယ်"
ဖခင်၏ စကားက သူ့နှလုံးသားတစ်စုံ ဆွဲနှုတ်ခံလိုက်ရသလို ရင်ဘက်တစ်ခုလုံး စူးအောင့်နေရလေသည်။ သူ့ ချစ်ယွန်း အပေါ် သစ္စာ မဖောက်နိုင်သလို နှင်းဆီဝိုင်ကိုလည်း လက်မထပ်နိုင်ပါ။ ဘဝမှာ မိန်းကလေးတစ်ယောက်ကိုသာ ချစ်မည်။ ချစ်ရသည့် မိန်းကလေးကိုသာ လက်ထပ်မည့်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုကြောင့်လည်း
"ကျွန်တော်မှာ ချစ်သူရှိပြီးသားပါ ဖေဖေ၊ ကျွန်တော် သူ့ကိုပဲ လက်ထပ်မယ်"
"သေချာလား မောင်ညီလင်းကိုကို၊ မင်းက သမီးဝိုင်ကို လက်မထပ်နိုင်ရအောင် ငါ့ သမီးက အကျိုးအကန်း ဖြစ်နေလို့လား"
"ဟင် အန်ကယ်နေနိုင်"
ဦးနေနိုင် ကုလားထိုင်ပေါ်မှာ ခြေချိတ်ထိုင်လိုက်ပြီး
"မင်းကို ငါ့ ၁ပတ်အချိန်ပေးမယ်၊ မင်း သမီးဝိုင်ကို လက်ထပ်ရမယ်၊ အေး ၁ပတ်ပြည့်လို့မှ သမီးဝိုင်ကို လက်မထပ်ဘူး မင်းငြင်းရင် ချစ်ယွန်းဆိုတဲ့ ကလေးမ အသက်ကို ငါ့ အာမခံဘူး ညီလင်းကိုကို"
မထင်မှတ်ဘဲ ကြားလိုက်ရသော ဦးနေနိုင်၏ စကားကြောင့် ညီလင်း အသားတွေ တဆက်ဆက်တုန်ကာ ဒေါသတွေ ဖြစ်လာရလေသည်။ သူ့ပုံစံကို ဦးနေနိုင် မထီမဲ့မြင့် ကြည့်ကာ ပြုံးလိုက်ပြီး
"မင်း အတွက် ရွေးချယ်စရာ နှစ်ခုပေးမယ်၊ ဝိုင်ကို လက်ထပ်မလား၊ ချစ်ယွန်း ဆိုတဲ့ ကလေးမကို အသေခံမလား ကြိုက်ရာရွေး၊ အေး မင်းသိထားဖို့က ငါ့သမီး လိုချင်တာ ရဖို့ဆို ငါ့ လူသတ်ဖို့ ဝန်မလေးဘူးနော်"
စကားအဆုံးတွင် လှည့်ထွက်သွားသော ဦးနေနိုင်ကို ဒေါသတကြီး သူကြည့်နေမိလေသည်။
"တောက်"
"ဒုန်း"
"ဟာကွာ"
ညီ ဒေါသအလျှောက် စားပွဲခုံကို လက်ဖြင့်ရိုက်ချက်လိုက်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီးလေသည်။
"တောက်! မိန်းမယုတ်"
💗💗💗
"နှင်းဆီဝိုင်"
"အာ့ ရှင်ဘယ်လိုလူလဲ"
စူးရှကျယ်လောင်လှသော သူ့ အသံက သြရှပြင်းထန်သော ခေါ်သံနှင့် အတူ ဝိုင်း အနားသို့ ဒေါသတကြီး ရောက်လာသူက ညီလင်းကိုကို ဖြစ်သည်။ ညနေပိုင်းတိုင်း ရေကူးကန်ဘေးမှ ဘက်စကတ်ဘောကွင်းမှာ သူမ ဘက်စကတ်ဘော ကစားလေ့ရှိသော ဝိုင်။ ဒီကနေ့လည်း တစ်ယောက်ထဲ အေးအေးလူလူ စိတ်လွှင့် ကစားနေစဥ် ဒေါသ တကြီး သူမ ခန္ဓာကိုယ်လေးကို ဆွဲခါလာသော သူ့ကြောင့် နာကျင်စွာ အော်လိုက်မိလေသည်။ သူ့မျက်နှာကြည့်တော့လည်း ဒေါသကြောင့် နီမြန်းနေလေသည်။
"အာ့ ရှင့် ဘာလုပ်တာလဲ ၊ ဝိုင် နာတယ် လွှတ်စမ်း"
"မင်း အကြံဒါအကုန်ပဲလား ဟမ်း"
"ဘာကိုလဲ "
ဝိုင် သိလျှက်နဲ့ မျက်နှာလေး မဲ့ကာ မေးလိုက်တော့ သူ့ ရင်ထဲ ဒေါသတွေ လွန်ကဲလာရကာ
"မင်း အဖေကို ငါ့ နဲ့ လက်ထပ်ဖို့ ပြောခိုင်းတာ မဟုတ်လား"
ဝိုင် သူ့ စကားကြောင့် သူ့ လက်တွေကို ဖယ်ချကာဖြင့် သူ့ကို ပြုံးထေ့ထေံကြည့်လိုက်ပြီး
"ဟုတ်တယ် ဆိုရင် ရှင် ဘာလုပ်ချင်လဲ"
ပခုံးတွန့်ကာ ပြောလာသော မိန်းမကို ညီ စက်ယုတ်ရွံ့ရှာစွာ ကြည့်လိုက်ပြီး
"မင်းက အရမ်းရွံ့ဖို့ ကောင်းတဲ့ မိန်းမပဲ၊ ယောကျားတစ်ယောက်ကို ရဖို့ မင်းစိတ်ဓာတ်က အရမ်းအောက်တန်းကျလွန်းတာပဲ၊ မင်းမှာ ယောကျာ်း အဲ့လောက်ရှားရသလား နှင်းဆီဝိုင်"
"ရှားတယ်လေ ကျွန်မ လိုချင်တဲ့ ယောကျာ်းက ရှင်လေ ၊ အခြားလူ မဟုတ်ဘူး၊ အဲ့တော့ ရှင့်ကို ရဖို့ ချစ်ယွန်းဆိုတဲ့ မိန်းမကို ရှင်းပစ်ဖို့ နှင်းဆီဝိုင်က ဝန်မလေးဘူး"
"နှင်းဆီဝိုင်"
ညီ ဒေါသတွေ လွန်ကဲကာ သူ့ အရှေ့က မိန်းမကို သတ်ပစ်ချင်စိတ်ဖြစ်နေရလေသည်။ သူ့ဘဝမှာ ယောကျာ်းတစ်ယောက်ကို ရဖို့ ဒီလောက်ထိ စိတ်ဓာတ်ယုတ်ညံ့သော မိန်းမကို မမြင်းဖူးသဖြင့် အံ့လည်း အံ့သြမိလေသည်။
"မင်း ရွေးချယ်တဲ့ လမ်းအတွက် မင်း နောင်တမရပါနဲ့ နှင်းဆီဝိုင်"
စကားအဆုံးတွင် လှည့်ထွက်သွားသော ညီ ကျောပြင်ကို ကြည့်ပြီး ဝိုင် အားရပါးရ ရယ်မောလိုက်မိလေတော့သည်။
"အချစ်တဲ့၊ လူတစ်ယောက်ကို ချစ်မိရင် မျက်ကန်းတစ္ဆေလိုပဲမို့ ဝိုင် အချစ်မှာ ရှင့် ကျရှုံးလာစေရမယ် ညီလင်းကိုကို"
💗💗💗
စာရေးသူ
မေခြူးသွယ်

إرسال تعليق