ကျွန်မတို့ နှစ်ယောက်ကြား တခြားတစ်ယောက်ဝင်လာတဲ့အခါ...

ကျွန်မတို့ နှစ်ယောက်ကြား တခြားတစ်ယောက်ဝင်လာတဲ့အခါ...


သူ ငါ့ကိုချစ်တာပဲဆိုပြီး ယုံကြည်ခဲ့မိတာ ပြီးတော့  အဲ့ဒီအချိန်တွေတုန်းက တကယ်ပဲ ပျော်ခဲ့ရတာပါ ။ ဒါပေမယ့် ချစ်ခဲ့ခြင်းတွေမှာတော့ အချိန်အကြာကြီးတော့ မပျော်ခဲ့ရပါဘူး ။ 

ကျွန်မအပြင် တခြားတစ်ယောက်နာမည်ကို တစ်စွန်းတစလေးစပြီးကြားလာရပြီလေ ။ အဲ့ဒီတစ်ယောက် ဝင်လာတဲ့နေ့ကစပြီး ပျော်စရာတွေ မဲ့သွားခဲ့တာ နောက်ဆုံး လမ်းခွဲတဲ့အချိန်ထိ ဆိုပါတော့ ။ 

ကျေးဇူးပြု၍ဆိုပြီး ဆွဲထားဖူးတဲ့အထိ အရှကတွေမဲ့ခဲ့ဖူးတယ် ပြီးတော့လေ ကိုယ့်ကိုယ်မချစ်လို့ တခြားတစ်ယောက်ရှိလာတဲ့သူကို မျက်ရည်တေံနဲ့ တားခဲ့ဖူးတယ် ။ ဒါပေမယ့် မျက်ရည်တွေ ကုန်သွားတာပဲ အဖတ်တင်ခဲ့တာပါ ။ 

တစ်နေ့တစ်နေ့... အဲ့ဒီအကြောင်းတွေ တွေးမိရင် ​ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေမေးရင်းနဲ့ ပြဿနာတွေကြားမှာ စိတ်တွေညစ်ရသလို ရန်တွေသတ်ရတယ်လေ ။ ဘာကြောင့်များ ကျွန်မကို ချစ်နေရင်းက တခြားတစ်ယောက်ကို ချစ်နိုင်ရတာလဲဆိုပြီး နားမလည်နိုင်ဖြစ်ရတယ် ။

ဘာပဲဖြစ်ဖြစ်ပါ... သုံးပွင့်ဆိုင်လာရင် ပိုချစ်တဲ့သူက ပိုနာကျင်ရသလို ​ကျန်နေခဲ့ရစမြဲပဲလေ ။ မပြိုင်ချင်တော့ဘူး ယောက်ျားတစ်ယောက်ကို ယှဥ်ုပီးလဲ မလုချင်တော့ဘူး ဒီတစ်ကြိမ် ကိုယ့်ဆီပြန်လာရင်တောင် နောင်တစ်ကြိမ်ဆိုတာ ရှိလာနိုင်တာပဲဆိုတဲ့ စိတ်နဲ့ ကြောက်နေမိတာ ။ 

ပျော်ရွှင်စရာအတိပြီးတဲ့ Relationship တစ်ခုက တခြားတစ်ယောက်ဝင်လာတဲ့အခါ ပျက်စီးသွားရလေတယ်ဆိုပြီး မဆိုင်တဲ့သူကို အပြစ်မတင်ချင်တော့ပါဘူး ကိုယ့်လူကိုက မဟုတ်ခဲ့တာလေ ။ 

ရှိပါစေတော့... အချိန်တွေမလွန်ခင် ဗီဇအမှန်ကို သိခဲ့ရတာကိုပဲ ကျေးဇူးတင်ရမယ်လို့ ပြောရမှာပေါ့ ။ ရှင်ချစ်တဲ့ တခြားတစ်ယောက်နဲ့လဲ ဒီထက်ပိုပြီး ချစ်နိုင်ပါစေ ။ 

ကိုယ်က ဘယ်လောက်ပဲချစ်နေပါစေ တခြားတစ်ယောက်ပေါ်လာတဲ့အခါ... အဆုံးသတ်တွေက ပိုချစ်မိတဲ့ ကိုယ့်အတွက် နာကျင်စရာပါ။

 #ကျေးကို

Post a Comment

أحدث أقدم

Comments