" ကိုယ့်ရဲ့ ပဲ့ကိုင်ရှင် ”
မင်းအတွက် ပြုစုထားတဲ့
နေကြာပန်းကလေးပါ အချစ်ရယ်။
အရိုင်းဆန်တဲ့အခါများရှိခဲ့ရင်
ရိုကျိုးစွာပဲ တောင်းပန်ပါရစေ။
ချစ်ခြင်းမေတ္တာဟာ အစစ်အမှန်ပဲ ဖြစ်စေချင်တယ်။
မင်းဟာ ကိုယ့်ကို နွေးထွေးမှုအပြည့်ပေးမယ့်
နေရောင်ခြည်လေးပါ
တွေ့ဆုံရခြင်းတွေမှာ
စောင့်မျှော်မှုနဲ့ လွမ်းဆွတ်မှုတွေပါလိမ့်မယ်
ကွဲကွာတာနဲ့ ခွဲခွာသွားတာတွေ မဖြစ်ပါစေနဲ့ကွယ်။
တစ်နေ့မှာ ပေါင်းဖက်ခွင့်ရှိရမယ်။
မင်းရဲ့ ယုံကြည်မှုနဲ့ ချစ်ခြင်းမှာ ကိုယ့်ရဲ့ သစ္စာခိုင်မြဲစေမယ်။
#နှင်းကဗျာလင်း #light_page

إرسال تعليق