လင်မယားစုံတွဲတစ်တွဲဟာ 💏 နှစ်ထပ်အိမ်လေးတစ်လုံးမှာ မှီတင်းနေထိုင်ကြပါတယ်

#လင်မယားစုံတွဲတစ်တွဲဟာ 💏
နှစ်ထပ်အိမ်လေးတစ်လုံးမှာ 
မှီတင်းနေထိုင်ကြပါတယ် ။ ။


မနက်တိုင်းမှာ 
မယားဖြစ်တဲ့သူဟာ 
အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ
ဘေးအိမ်ကိုချောင်းချောင်းကြည့်ပြီး 
သူမြင်တွေ့သမျှတွေကို 
သူ့ရဲ့ခင်ပွန်းဆီကို ဖောက်သည်ချ 
ပြောပြလေ့ရှိတယ်။
...................
ဘေးအိမ်ကဟာတွေက 
အဝတ်အစားလည်း 
ကောင်းကောင်းမလျှော်တတ်ကြဘူး
သိလား။
အဝတ်အစားတွေ 
ညစ်ပတ်နေတာပဲ
ဘာဆပ်ပြာမှုန့်များသုံးကြလည်း
မသိဘူး 

ယောင်္ကျားဖြစ်သူပြန်ပြောတာက
သူများကိစ္စသွား
အာချောင်မနေစမ်းပါနဲ့
ကိုယ့်အဝတ်အစားတွေသာ
ကိုယ်ပြောင်အောင်လျှော်စမ်းပါ ” 

ဒါပေမယ့် မိန်းမလုပ်တဲ့သူက 
ပြတင်းပေါက်ကနေ
နေ့တိုင်းဘေးအိမ်ကိုသွားသွား
ချောင်းကြည့်နေတတ်မြဲပဲတဲ့...
 
ပြီးရင်သူ့ယောက်ျားကို
လာလာပြောပြပြန်တယ်။
သူတို့ အဝတ္အစား 
လျှော်တာကလည်း 
ညစ်ပတ်နေတာပဲ” တဲ့ .......

ဒီလိုနဲ့ တစ်နေ့မနက်မှာ 
ယောက်ျားကအိမ်အောက်ထပ်မှာ 
ကော်ဖီတစ်ခွက် နဲ့
 သတင်းစာထိုင်ဖတ်နေတုန်း 
မိန်းမက အိမ်ပေါ်ကနေ 
အထူးအဆန်းပြေးဆင်းလာပြီး 
သူယောင်္ကျားဆီ 
လာတိုင်ပြောတယ်။

ယောင်္ကျားရေ နားကို
မလည်တော့ဘူး 
သူတို့ ဘာဆပ်ပြာမှုန့်ပြောင်း
သုံးကြလည်းမသိဘူး

ဒီနေ့ သူတို့ အဝတ်အစားတွေ 
သစ်လွင်နေတာပဲ
သူတို့ဘာနဲ့ လျှော်တာလည်း
အရမ်းသိချင်တာပဲ” 

ဒါနဲ့ယောက်ျားလုပ်သူက 
ထပြောတာက

ငါတော်တော်လေးကို
အမြင်ကတ်လာပြီနော်.....

ဒီနေ့မနက် အစောကြီး 
ငါထပြီးပြတင်းပေါက်မှန်တွေကို 
ပြောင်နေအောင်သုတ်ထားလို့ ဟေ့.... 

အရင်က 
မှန်တွေက ညစ်ပေနေတာ 

နင်က အဲ့ကနေသွားသွား 
ကြည့်မှတော့ 
အကုန်ညစ်ပေနေတာပဲ 
မြင်မှာပေါ့ ဟ ” တဲ့ .......

သင်ခန်းစာ
ကျွန်တော်တို့လူသားတွေဟာ 
သူတစ်ပါးရဲ့အပြစ်ကိုသာ 
ရှာကြည့်တတ်ပြီး 
ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့
မေ့နေတတ်ကြတယ်။

ဒါကြောင့်သူတပါးကို မဝေဖန်ခင် 
ကိုယ့်စိတ်ကို အရင်ကြည်လင်အောင် 
သန့်ရှင်းထားဖို့ လိုပါတယ်။ 

ကိုယ့်စိတ်က ကြည်လင်နေရင် 
မြင်သမျှအရာလှပနေမှာဖြစ်သလို 
ကိုယ့်စိတ်ကနောက်နေရင်လည်း 
မြင်ရမှာက 
ပြဿနာချည်းဖြစ်နေမှာပါ။

စိတ်ကိုကြည်လင်စွာနဲ့ လောကကို 
အကောင်းမြင်နိုင်ကြပါစေ။

#credit မေတ္တာဖြင့် 
မျှဝေသည်။

 Apirl Queen 🌷
#crdtooriginalwritter 
#ကျွန်တော်ဖတ်ဖို့

Post a Comment

أحدث أقدم

Comments