စစ်မှန်တဲ့တန်ဖိုးဆိုတာ

စစ်မှန်တဲ့တန်ဖိုးဆိုတာ


👉နှလုံးသားလှသူလေးရေ👈

👉လောကကြီးမှာ…
     ကိုယ့်အပေါ်မကောင်းပြောနေလည်း
     ကိုယ်ကပြန်မပြောမိပါစေနဲ့။ 

👉ကိုယ့်အပေါ်
      မဆီမဆိုင် မုန်းနေလည်း 
      ကိုယ်ကပြန်မမုန်းမိပါစေနဲ့။ 

👉 ကိုယ့်အပေါ် 
      အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း 
      ကိုယ်ကအမြင်မစောင်းတစ်မျိုး 
      မထင်မိပါစေနဲ့။ 

👉 ကိုယ့်အပေါ်  
      တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း 
     ကိုယ်က သူ့အပေါ်မေတ္တာ 
      မပျက်မိပါစေနဲ့။

👉 သူက ဘာပေးပေး
      ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး
       လိုက်ပါ။
       
        
 👉  မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို 
      ဆပ်ဖို့အတွက်   
      အကောင်းဆုံး
      ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။ 

👉 ဒီဘဝမှာ…
      အမုန်းတွေရှိရင်လည်း ကျေပါစေ။

👉 အငြိုးတွေရှိရင်လည်း ကျေပါစေ။

👉 ဒီဘဝမှာ အကြွေးဆပ်ဖို့ 
      အကြောင်းပါလာရင် 
      ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။ 

👉 နောက်ဘဝတွေ အထိယူမသွားပါနဲ့။

ဒါကြောင့် 👈
နှလုံးသားလှသူလေးရေ👈

     👉သိထားရမည့်အရာက---👈

☘️ ကိုယ့်မှာ အားနည်းချက်ရှိရင် ...
သူတစ်ပါး ပျော့ကွက်ကို 
ချမနင်းဘဲ နေတတ်ရမယ်။

 ☘️ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

 ☘️ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

 ☘️ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို 
ငဲ့ညှာတတ်ရမယ်။

 ☘️ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

 ☘️ကိုယ့်မှာ အပြစ်နဲ့မကင်းရင် ...
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

 ☘️ကိုယ့်မှာဝေဒနာရှိရင် ...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

 ☘️ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင် ...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

 ☘️ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို 
နားလည်ပေးနိုင်ရမယ်...

 🍒ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

မေတ္တာများစွာဖြင့် ••• ။
#ပန်းပျိုးလက်

Post a Comment

أحدث أقدم

Comments