မင်းကို ကိုယ်တိတ်တခိုးချစ်နေရုံမှတပါး...
ပေးချင်ပေမယ့် ပေးလို့မဖြစ်တဲ့မေတ္တာတွေ
သက်ညှာမှုရှိပေမယ့် ငေးကြည့်ရုံမှတပါး ပေးလို့မဖြစ်တဲ့ချစ်ခြင်းတွေက
တကယ်ရှိတယ်ထင်ပါရဲ့..
တစ်ဖက်သတ် ဆိုတဲ့စကားလုံးကို
သေလောက်အောင် စက်ဆုတ်ပေမယ့်
တစ်ယူသန်နည်းနဲ့ တစ်ဖက်သတ်စွဲလမ်းရသူက
မင်းဖြစ်နေတော့ ကိုယ့်မှာမြတ်နိုးရပြန်တယ်..
မင်းစိတ်နဲ့ကိုယ့်ခန္ဓာဖြစ်နေရတာပင်ပန်းပေမယ့် အေးချမ်းတဲ့မင်းအပြုံးလေး တွေ့ရပြန်တော့လည်း..
ကိုယ့်မှာ စိတ်ဖြေရာရပြန်တယ်..
ကိုယ်မင်းကိုမြင်ခွင့်ရသေးတယ်..
မင်းကို..မြတ်နိုးခွင့်လည်းသိပ်ရသေးတာပေါ့..
ဒါပေမဲ့ မင်းဆီက တုံ့ပြန်မှုကင်းမဲ့တဲ့
ချစ်ခြင်းမေတ္တာတွေအပေါ် ငါခုံမင်နေခဲ့တာ
ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲနော်..
ပိုင်ဆိုင်ခွင့်မရှိပေမယ့် ဆက်ချစ်ခွင့်ရှိသေးတော့ ဖြေသာပါတယ်..
မင်း ချစ်လာနိုင်မယ့်တစ်နေ့ဟာ
ပင်လယ်ရေတွေအပြာရောင်ကနေ အနက်ရောင်ပြောင်းသွားတဲ့တစ်နေ့ဖြစ်ခဲ့မယ်ဆိုရင်တောင်.. အဲဒီနေ့ကို အသက်နဲ့အမျှ တမြတ်တနိုးစောင့်ဆိုင်းပါ့မယ်..
မထိတွေ့ရသေးတဲ့ မင်းရဲ့လက်ကလေးနဲ့
ပါးပြင်လေးကို နမ်းရှိုက်ခွင့်ရတဲ့တစ်နေ့က ကိုယ်သေပျော်ပြီလို့
သံသယကင်းကင်းပြောနိုင်တဲ့တစ်နေ့နဲ့ထပ်တူကျပါလိမ့်မယ်..
ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲ
ပျော်ပျော်ကြီးသာ နေပါအချစ်ရယ်..
မင်းမှာ ကိုယ့်ကို ပေးချင်ပေမယ့်ပေးလို့မရတဲ့
ဂရုစိုက်မှုတွေရှိတယ်မလား..
နားလည်ပါတယ်.. ပျော်ပျော်သာဖြတ်သန်းပါ..
မင်းကို ကိုယ်တိတ်တခိုးချစ်နေရုံမှတပါး....
#ရနံ့(hmml)
#FOC

إرسال تعليق