အမှားတစ်ချက် (သိပ်ကောင်းလွန်းတဲ့စာလေးပါ)

အမှားတစ်ချက် (သိပ်ကောင်းလွန်းတဲ့စာလေးပါ)


30.12.2022 01:29 မြန်မာ မြင်ကွင်းစုံ
ဆရာက အတန်းထဲ ဝင်လာသည်။ ကျောင်းသားတွေက ဆရာ ဘာသင်မည်ကို စိတ်ဝင်စားနေ ကြသည်။ ဆရာက ကျောက်သင်ပုန်းကြီး ဆီသို့ သွားလိုက်ပြီး ၉ အလီကို ချရေး နေသည်။





တက္ကသိုလ် ကျောင်းသားကြီးတွေကို အလီသင်မည်လော။ ဘာကြောင့် ဆရာ ၉ အလီ ရေးရသနည်း။ ကျောင်းသားအားလုံး စိတ်ထဲတွင် ဝေဝါးနေ ကြသည်။

ဆရာက ရေးနေသည်မှာ ၉ × ၁ = ၇၊ ၉ × ၂ = ၁၈၊ ၉ × ၃ = ၂၇၊ ၉ × ၄ = ၃၆၊ ၉ × ၅ = ၄၅၊ ၉ × ၆ = ၅၄၊ ၉ × ၇ = ၆၃၊ ၉ × ၈ = ၇၂၊ ၉ × ၉ = ၈၁၊ ၉ × ၁၀ = ၉၀၊ ၉ × ၁၁ = ၉၉၊ ၉ × ၁၂ = ၁၀၈။





ဆရာက ကျောက်သင်ပုန်းတွင် ထိုကိန်းအလီ များကို ရေးပြီးနောက် ကျောင်းသားများကို လှည့်ကြည့် လိုက်သည်။ ကျောင်းသားတွေက ရယ်နေကြသည်။

“ဘာရယ်တာလဲကွ”

ကျောင်းသားတဦးက





“ဆရာ၊ ဆရာရေးတာ စကတည်းက မှားနေသလားလို့ပါ”

“ဟုတ်လား စကတည်းက မှားနေသလား။ နေပါဦးကွယ် ကျန်တာတွေရော မှန်ရဲ့လား”

“မှန်ပါတယ်ဆရာ”





“စကတည်းက မှားအောင် ဆရာ တမင် ရေးတာပါကွယ်။ ဘာကြောင့် ဒီလို မှားအောင် ရေးရသလဲ သိလား”

“မသိပါ”





“လူ့သဘာဝကို ပြောချင်လို့ ပါကွယ်။ ဆရာ ၉ အလီကို ၁၂ ခါ ရေးတယ်နော်။ ဒါပေမဲ့ ပထမဆုံး တကြောင်းပဲ မှားတာ မဟုတ်လား”

“ဟုတ်ပါတယ်”





“ဆရာရေးတာ ၁၁ ကြိမ်တောင် မှန်ပါတယ်ကွယ်။ ဘာဖြစ်လို့ ၁ ကြိမ် မှားတာကို မင်းတို့ ရယ်ကြသလဲ”

ကျောင်းသားတွေ နှုတ်ပိတ်နေကြသည်။ ဆရာက ဆက်ပြောသည်။





“လောကကြီးဟာ အမှားရှာတဲ့ လောကကြီးကွယ့်။ မှားတာကိုပဲ မြင်၊ မှားရင် ဝေဖန်ချင် ကြတာ။ မှန်ရင်တော့ ချီးကျူးချင်မှ ချီးကျူးမယ်နော်။ တခုလေး မှားကြည့် ပြောမဆုံး ဖြစ်တော့မယ်။ တခုလေး မှားလိုက်တာနဲ့ အုံနဲ့ သင်းနဲ့ ဝိုင်းအော် ဝိုင်းဆော်ကြ တော့တာပဲ။ လောကကြီးက အမှား လုံးဝ မခံဘူးနော်”



“ဆရာ၊ ကျနော် တခုလောက် ပြောပါရစေ”

“ပြောပါကွယ်”

“လုပ်လိုက်တဲ့ အမှားက ဘယ်လိုမှ ပြန်ပြီး အဖတ်ဆယ်လို့ မရနိုင်လောက်အောင် ဖြစ်သွားရင်ရော”





“ပညာရှိသူ တွေဟာ အရေးအကြီးဆုံးသော တခုခုကို လုပ်မယ် ဆိုတိုင်း အစကတည်းက မမှားအောင် ဂရုစိုက်တတ် ကြတယ်။ ပညာမဲ့ လူမိုက်တွေပဲ စကတည်းကလည်း မှား၊ အလယ်လည်း မှား၊ အဆုံးလည်း မှားတတ်ကြတာ။





မှားပြီ ဆိုကတည်းက ပညာရှိ အမှားလား ပညာမဲ့ အမှားလား၊ သိလို့မှားတဲ့ အမှားလား မသိလို့ မှားတဲ့ အမှားလား ကွဲပြားစွာ ခွဲခြားနိုင်ရမယ်။ ခွဲခြားတဲ့ သူကလည်း ပညာရှိဖို့ လိုတယ်။ ပညာမဲ့ မှားတာကို မှန်လိုက်တာလို့ ဘယ်တော့မှ မထောက်ခံမိစေနဲ့။





မှားတာကို မှားကြောင်း မပြောရဲရင် ကိုယ်လည်း အမှားထဲက မထွက်နိုင်အောင် ဖြစ်သွားလိမ့်မယ်။ မှားတာကို မှားမှန်းမသိရင် ကိုယ်လူညံ့ ဖြစ်လိမ့်မယ်”

“ဆရာ၊ အရူးတယောက် နှိပ်လိုက်တဲ့ ခလုတ်တခုဟာ တတိုင်းပြည်လုံးကို ပြာကျသွား မယ်ဆိုရင်ကော”





“သိပ်ကောင်းတဲ့ မေးခွန်းပဲ။ တပည့်တို့ အဲဒီလို မဆင်မခြင် လုပ်တဲ့ သူတွေထဲမှာ ငါ့တပည့်တွေ မပါစေနဲ့။ အားလုံး ပျက်စီးအောင် လုပ်တဲ့သူဟာ ကိုယ်တိုင် မဖြစ်စေနဲ့။ အမှားကို ထောက်ပြ အမှားကို ပြင်ရဲ၊ မှားတာကို ခေါင်းငုံ့မခံတဲ့ သူတွေ များလာမှ ဖြစ်မယ်။ ဆရာပြောချင်တာက လူတွေဟာ မှားရင် ချက်ချင်း မြင်တတ်တာကို ပြောချင်တာ။





လူ့လောကမှာ သိပ်သတိထားရမယ်။ အထင်သေးတာ၊ လှောင်ပြောင်တာ၊ ရယ်သွမ်းတာ မခံချင်ရင် တစက်လေးမှ မမှားအောင် ဆင်ခြင်ရမယ်။ ဆရာ ၁၂ ကြောင်းရေးလည်း တကြောင်းကြောင့် ရယ်စရာ ဖြစ်သွားတယ်။





လူ့သဘောက ၁၁ ကြောင်းကို မမြင် တတ်ဘူး။ အမှားတကြောင်းလေးက ထင်းနေတာကို မြင်တတ်တာ သတိထားဖို့ ပြောတာ။ အမှားဆိုတာ သေးသေးလေး မှားမှား၊ ကြီးကြီးကျယ်ကျယ် မှားမှား၊ အမှားဟာ အမှား ထင်ရှားနေတာပဲ။





လူ့သဘောကို နားလည်ပြီး အမှားကင်းအောင် လုပ်ကြပါကွယ်။ ငါ့တပည့် မေးတဲ့ မေးခွန်းကို ဆရာ ဖြေရဦးမယ်။ တယောက်တည်းက မိုက်မဲစွာ နှိပ်လိုက်တဲ့ ခလုတ်ကြောင့် အားလုံး ပြာကျ သွားပြီဆိုရင် သူလည်း ရှင်နိုင်ပါဦးမလား။ အရူးကို ခလုတ်နှိပ်ခွင့် မပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ ဟစ်တလာကို စံထိုးကြည့်လိုက်”





ဆရာက ပထမအကြောင်းမှ ၇ ကို ဖျက်သည်။ ထို့နောက် ၉ ဟု ရေးလိုက်သည်။ “ဘာပဲပြောပြော ၉ တလီဆိုတာ ၉ ပဲ ဖြစ်သင့်တာပေါ့။ ၉ တလီ ဘယ်လောက် ဖြစ်စေချင်သလဲ လို့ ပြန်မေးနေရင် တန်ဖိုး သတ်မှတ်ပြီးသားကို တန်ဖိုးမထားရာ ရောက်တတ်တယ်။





ဆရာတို့ လူ့ဘောင်ကြီးက ၉ တလီ ၉ လို့ သတ်မှတ် လက်ခံထားပြီးသား ဆိုရင် ဘာမှ သံသယ ဖြစ်စရာ မလိုဘူး။ အဲဒီ စံနှုန်းနဲ့ပဲ တွက်ရမယ်။ ဒါပေမဲ့ လက်ဦးဆရာက ၉ တလီ ၇ လို့ သင်ခဲ့တာကို အမှန်လို့ စွဲနေသူတွေ ရှိလာရင် တောက်လျှောက် မှားတော့မယ်။ အမှားကိုမြင် အမှန်ကို ပြင်နိုင်ကြ ပါစေကွယ်။ ကိုယ်တိုင်က စပြီး မမှားအောင် လုပ်နိုင်သူတွေ ဖြစ်နိုင်ကြပါစေ”





ဆရာကြီးက ရှည်လျားစွာ ပြောပြီး အချိန်ကုန်သဖြင့် ပြန်ထွက်သွားသည်။ ကျောင်းသားတွေက တိတ်ဆိတ်စွာ တွေးလျက် ကျန်ခဲ့သည်။ (Ref – The world is quick to criticize and find fault ကို မြန်မာမှု ပြုသည်) တင်ညွန့် ၂၅.၃.၂၀၂၁

Zawgyi ဖြင့်ဖတ်ပါ



ဆရာက အတန္းထဲ ဝင္လာသည္။ ေက်ာင္းသားေတြက ဆရာ ဘာသင္မည္ကို စိတ္ဝင္စားေန ၾကသည္။ ဆရာက ေက်ာက္သင္ပုန္းႀကီး ဆီသို႔ သြားလိုက္ၿပီး ၉ အလီကို ခ်ေရး ေနသည္။

တကၠသိုလ္ ေက်ာင္းသားႀကီးေတြကို အလီသင္မည္ေလာ။ ဘာေၾကာင့္ ဆရာ ၉ အလီ ေရးရသနည္း။ ေက်ာင္းသားအားလုံး စိတ္ထဲတြင္ ေဝဝါးေန ၾကသည္။

ဆရာက ေရးေနသည္မွာ ၉ ၁ = ၇၊ ၉ ၂ = ၁၈၊ ၉ ၃ = ၂၇၊ ၉ ၄ = ၃၆၊ ၉ ၅ = ၄၅၊ ၉ ၆ = ၅၄၊ ၉ ၇ = ၆၃၊ ၉ ၈ = ၇၂၊ ၉ ၉ = ၈၁၊ ၉ ၁၀ = ၉၀၊ ၉ ၁၁ = ၉၉၊ ၉ ၁၂ = ၁၀၈။

ဆရာက ေက်ာက္သင္ပုန္းတြင္ ထိုကိန္းအလီ မ္ားကို ေရးၿပီးေနာက္ ေက်ာင္းသားမ်ားကို လွည့္ၾကည့္ လိုက္သည္။ ေက်ာင္းသားေတြက ရယ္ေနၾကသည္။

“ဘာရယၱာလဲၾက”

ေက်ာင္းသားတဦးက

“ဆရာ၊ ဆရာေရးတာ စကတည္းက မွားေနသလားလို႔ပါ”

“ဟုတႅား စကတည္းက မွားေနသလား။ ေနပါဦးကြယ္ က်န္တာေတြေရာ မွန္ရဲ႕လား”

“မွန္ပါတယ္ဆရာ”

“စကတည္းက မွားေအာင္ ဆရာ တမင္ ေရးတာပါကြယ္။ ဘာေၾကာင့္ ဒီလို မွားေအာင္ ေရးရသလဲ သိလား”

“မသိပါ”

“လူ႔သဘာဝကို ေျပာခ်င္လို႔ ပါကြယ္။ ဆရာ ၉ အလီကို ၁၂ ခါ ေရးတယ္ေနာ္။ ဒါေပမဲ့ ပထမဆုံး တေၾကာင္းပဲ မြားတာ မဟုတႅား”

“ဟုတ္ပါတယ္”

“ဆရာေရးတာ ၁၁ ႀကိမ္ေတာင္ မွန္ပါတယ္ကြယ္။ ဘာျဖစ္လို႔ ၁ ႀကိမ္ မြားတာကို မင္းတို႔ ရယ္ၾကသလဲ”

ေက်ာင္းသားေတြ ႏႈတ္ပိတ္ေနၾကသည္။ ဆရာက ဆက္ေျပာသည္။

“ေလာကႀကီးဟာ အမြား႐ြာတဲ့ ေလာကႀကီးကြယ့္။ မြားတာကိုပဲ ျမင္၊ မွားရင္ ေဝဖန္ခ်င္ ၾကတာ။ မွန္ရင္ေတာ့ ခ်ီးက်ဴးခ်င္မွ ခ်ီးက်ဴးမယ္ေနာ္။ တခုေလး မွားၾကည့္ ေျပာမဆုံး ျဖစ္ေတာ့မယ္။ တခုေလး မွားလိုက္တာနဲ႔ အုံနဲ႔ သင္းနဲ႔ ဝိုင္းေအာ္ ဝိုင္းေဆာ္ၾက ေတာ့တာပဲ။ ေလာကႀကီးက အမြား လုံးဝ မခံဘူးေနာ္”

“ဆရာ၊ က်ေနာ္ တခုေလာက္ ေျပာပါရေစ”

“ေျပာပါကြယ္”

“လုပ္လိုက္တဲ့ အမြားက ဘယႅိုမြ ျပန္ၿပီး အဖတ္ဆယ္လို႔ မရႏိုင္ေလာက္ေအာင္ ျဖစ္သြားရင္ေရာ”

“ပညာ႐ြိသူ ေတြဟာ အေရးအႀကီးဆုံးေသာ တခုခုကို လုပ္မယ္ ဆိုတိုင္း အစကတည္းက မမွားေအာင္ ဂ႐ုစိုက္တတ္ ၾကတယ္။ ပညာမဲ့ လူမိုက္ေတြပဲ စကတည္းကလည္း မြား၊ အလယ္လည္း မြား၊ အဆုံးလည္း မွားတတ္ၾကတာ။

မွားၿပီ ဆိုကတည္းက ပညာ႐ြိ အမြားလား ပညာမဲ့ အမြားလား၊ သိလို႔မွားတဲ့ အမြားလား မသိလို႔ မြားတဲ့ အမြားလား ကြဲျပားစြာ ခြဲျခားႏိုင္ရမယ္။ ခြဲျခားတဲ့ သူကလည္း ပညာရွိဖို႔ လိုတယ္။ ပညာမဲ့ မြားတာကို မွန္လိုက္တာလို႔ ဘယ္ေတာ့မွ မေထာက္ခံမိေစနဲ႔။

မြားတာကို မွားေၾကာင္း မေျပာရဲရင္ ကိုယ္လည္း အမြားထဲက မထြက္ႏိုင္ေအာင္ ျဖစ္သြားလိမ့္မယ္။ မြားတာကို မွားမွန္းမသိရင္ ကိုယႅဴညံ့ ျဖစ္လိမ့္မယ္”

“ဆရာ၊ အ႐ူးတေယာက္ ႏွိပ္လိုက္တဲ့ ခလုတၱခုဟာ တတိုင္းျပည္လုံးကို ျပာက်သြား မယ္ဆိုရင္ေကာ”

“သိပ္ေကာင္းတဲ့ ေမးခြန္းပဲ။ တပည့္တို႔ အဲဒီလို မဆင္မျခင္ လုပ္တဲ့ သူေတြထဲမွာ ငါ့တပည့္ေတြ မပါေစနဲ႔။ အားလုံး ပ်က္စီးေအာင္ လုပ္တဲ့သူဟာ ကိုယ္တိုင္ မျဖစ္ေစနဲ႔။ အမြားကို ေထာက္ျပ အမြားကို ျပင္ရဲ၊ မြားတာကို ေခါင္းငုံ႔မခံတဲ့ သူေတြ မ္ားလာမြ ျဖစ္မယ္။ ဆရာေျပာခ်င္တာက လူေတြဟာ မွားရင္ ခ်က္ခ်င္း ျမင္တတ္တာကို ေျပာခ်င္တာ။

လူ႔ေလာကမွာ သိပ္သတိထားရမယ္။ အထင္ေသးတာ၊ ေလွာင္ေျပာင္တာ၊ ရယ္သြမ္းတာ မခံခ်င္ရင္ တစက္ေလးမွ မမွားေအာင္ ဆင္ျခင္ရမယ္။ ဆရာ ၁၂ ေၾကာင္းေရးလည္း တေၾကာင္းေၾကာင့္ ရယၥရာ ျဖစ္သြားတယ္။

လူ႔သေဘာက ၁၁ ေၾကာင္းကို မျမင္ တတၻဴး။ အမွားတေၾကာင္းေလးက ထင္းေနတာကို ျမင္တတ္တာ သတိထားဖို႔ ေျပာတာ။ အမြားဆိုတာ ေသးေသးေလး မြားမြား၊ ႀကီးႀကီးက်ယ္က်ယ္ မြားမြား၊ အမြားဟာ အမြား ထင္ရွားေနတာပဲ။

လူ႔သေဘာကို နားလည္ၿပီး အမွားကင္းေအာင္ လုပ္ၾကပါကြယ္။ ငါ့တပည့္ ေမးတဲ့ ေမးခြန္းကို ဆရာ ေျဖရဦးမယ္။ တေယာက္တည္းက မိုက္မဲစြာ ႏွိပ္လိုက္တဲ့ ခလုတ္ေၾကာင့္ အားလုံး ျပာက် သြားၿပီဆိုရင္ သူလည္း ရွင္ႏိုင္ပါဦးမလား။ အ႐ူးကို ခလုတ္ႏွိပ္ခြင့္ မေပးဖို႔ လူတိုင္းမွာ တာဝန္ရွိတယ္။ ဟစၱလာကို စံထိုးၾကည့္လိုက္”

ဆရာက ပထမအေၾကာင္းမွ ၇ ကို ဖ်က္သည္။ ထို႔ေနာက္ ၉ ဟု ေရးလိုက္သည္။ “ဘာပဲေျပာေျပာ ၉ တလီဆိုတာ ၉ ပဲ ျဖစ္သင့္တာေပါ့။ ၉ တလီ ဘယ္ေလာက္ ျဖစ္ေစခ်င္သလဲ လို႔ ျပန္ေမးေနရင္ တႏၹိုး သတ္မွတ္ၿပီးသားကို တႏၹိုးမထားရာ ေရာက္တတ္တယ္။

ဆရာတို႔ လူ႔ေဘာင္ႀကီးက ၉ တလီ ၉ လို႔ သတ္မွတ္ လက္ခံထားၿပီးသား ဆိုရင္ ဘာမြ သံသယ ျဖစ္စရာ မလိုဘူး။ အဲဒီ စံႏႈန္းနဲ႔ပဲ တြက္ရမယ္။ ဒါေပမဲ့ လက္ဦးဆရာက ၉ တလီ ၇ လို႔ သင္ခဲ့တာကို အမွန္လို႔ စြဲေနသူေတြ ရွိလာရင္ ေတာက္ေလွ်ာက္ မွားေတာ့မယ္။ အမွားကိုျမင္ အမြႏၠို ျပင္ႏိုင္ၾက ပါေစကြယ္။ ကိုယ္တိုင္က စၿပီး မမွားေအာင္ လုပ္ႏိုင္သူေတြ ျဖစ္ႏိုင္ၾကပါေစ”

ဆရာႀကီးက ရွည္လ်ားစြာ ေျပာၿပီး အခ်ိန္ကုန္သျဖင့္ ျပန္ထြက္သြားသည္။ ေက်ာင္းသားေတြက တိတ္ဆိၾတၥာ ေတြးလ်က္ က်န္ခဲ့သည္။ (Ref – The world is quick to criticize and find fault ကို ျမန္မာမႈ ျပဳသည္) တင္ၫြန႔္ ၂၅.၃.၂၀၂၁

Post a Comment

Previous Post Next Post

Comments