မရိုးသားသူကို ဉာဏ်ပညာဖြင့်ရင်ဆိုင်ပါ
30.12.2022 02:20 မြန်မာ မြင်ကွင်းစုံ
တခါက ရွာတရွာမှာ ကြက်ဖကြီးတကောင် ရှိတယ်။ ကြက်ဖကြီးဟာ မနက်စောစောထပြီး တွန်သံပေးရတဲ့ သူ့ရဲ့ တာဝန်ကို သူ ကျေပွန်ပါတယ်။
တနေ့မှာတော့ ကြက်ဖကြီးက သစ်ပင် ထိပ်ဖျားမှာ နားနေတုန်းမှာ မြေခွေးတကောင်ဟာ အပင်အောက်ကို ရောက်လာခဲ့ပါတယ်။ မြေခွေးက ကြက်ဖကြီးကို မြင်လိုက်တဲ့အခါ ကြက်ဖကြီးကို စားဖို့ ကြံပါတော့တယ်။
အဲဒါကြောင့် မြေခွေးဟာ ချိုသာတဲ့ အသံနဲ့ ကြက်ဖကြီးကို စကားပြော ပါတော့တယ်။
“အဆွေကြက်ဖကြီး၊ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာပါ။ ငှက်တွေ အားလုံးနဲ့ တိရိစ္ဆာန်တွေဟာ မိတ်ဆွေဖြစ်ပြီး ငြိမ်းချမ်းစွာ အတူ နေထိုင်ကြရမယ်တဲ့” လို့ မြေခွေးက ပြောလိုက်ပါတယ်။
ထိုအခါ ကြက်ဖကြီးကလည်း ပြန်မေးပါတယ်။
“အဲဒါ တကယ်ပဲလား”
“ဟုတ်တာပေါ့ တကယ်ပြောတာပါ။ အဲဒါ မှန်မမှန် သိချင်ရင် မင်းအောက်ကို ဆင်းလာခဲ့ပါလား” လို့ မြေခွေးက ထပ်ပြော ပြန်တယ်။
အဲဒီမှာ ကြက်ဖကြီးက ဉာဏ်ရှိစွာနဲ့ “ကောင်းပြီလေ၊ အဲဒါဆို ခဏတော့ စောင့်နိုင်တယ် မဟုတ်လား။ တခြား သူငယ်ချင်းတွေလည်း ထပ်လာကြလိမ့်မယ်” လို့ ပြန်ဖြေလိုက် ပါတယ်။
အဲဒီအခါ မြေခွေးဟာ အံ့အားသင့် သွားပါတယ်။
“ဟုတ်လား၊ ဘယ်သူတွေ လာကြအုံးမှာတုန်း”
“အမဲလိုက်ခွေးတွေ လာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက် စောင့်လိုက်ပါအုံး” လို့ ကြက်ဖကြီးက ပြန်ဖြေလိုက် ပါတယ်။
အမဲလိုက်ခွေးလို့လည်း ကြားရော မြေခွေးက လန့်သွားပါတော့တယ်။ ပြီးတော့ ကြက်ဖကြီးရှိတဲ့ အပင်အောက်ကနေ ထွက်ပြေး သွားပါတော့တယ်။
ကြက်ဖကြီးက အော်မေးလိုက် ပါသေးတယ်။
“ဟ ဘာလို့ ထွက်ပြေးသွားတာတုန်း၊ အမဲလိုက်ခွေးတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား” လို့ မေးလိုက်တယ်။
ထိုအခါ မြေခွေးက “အဲဒါကို မေ့လိုက်တော့” လို့ ဖြေပြီး ထိုနေရာကနေ အလျင်အမြန် ပြေးထွက်သွား ပါတော့တယ်။ ဉာဏ်ကောင်းတဲ့ ကြက်ဖကြီးကတော့ မြေခွေးစားမယ့် ဘေးကနေ လွတ်မြောက် သွားပါတော့တယ်။
ဒီပုံပြင်လေးက ဉာဏ်ရှိတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားတဲ့ ကြက်ဖကြီးကို နမူနာ ပြထားပြီး ဉာဏ်ပညာရှိခြင်းက မရိုးသား၊ ကောက်ကျစ်စဉ်းလဲ သူတွေကိုတောင် ကျော်လွှားနိုင်ကြောင်း သင်ခန်းစာ ပေးထားပါတယ်။
လူတယောက်မှာလည်း ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးကို မကောင်းတဲ့သူတွေ၊ ကိုယ့်ကို ဖျက်ဆီးမယ့် သူတွေရဲ့ ဘေးကနေ ကယ်ဆယ်ပေးနိုင်ကြောင်း သင်ခန်းစာ ပေးထားပါတယ်။ ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးမှာ အရေးကြီးပါတယ်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တခါက ႐ြာတ႐ြာမွာ ၾကက္ဖႀကီးတေကာင္ ရွိတယ္။ ၾကက္ဖႀကီးဟာ မနက္ေစာေစာထၿပီး တြန္သံေပးရတဲ့ သူ႔ရဲ႕ တာဝႏၠို သူ ေက်ပြန္ပါတယ္။
တေန႔မွာေတာ့ ၾကက္ဖႀကီးက သစ္ပင္ ထိပၹ္ားမြာ နားေနတုန္းမွာ ေျမေခြးတေကာင္ဟာ အပင္ေအာက္ကို ေရာက္လာခဲ့ပါတယ္။ ေျမေခြးက ၾကက္ဖႀကီးကို ျမင္လိုက္တဲ့အခါ ၾကက္ဖႀကီးကို စားဖို႔ ႀကံပါေတာ့တယ္။
အဲဒါေၾကာင့္ ေျမေခြးဟာ ခ်ိဳသာတဲ့ အသံနဲ႔ ၾကက္ဖႀကီးကို စကားေျပာ ပါေတာ့တယ္။
“အေဆြၾကက္ဖႀကီး၊ မင္းဆီကို ေကာင္းကင္ဘုံက သတင္းတခု လာေျပာျပတာပါ။ ငွက္ေတြ အားလုံးနဲ႔ တိရိစာၦန္ေတြဟာ မိတ္ေဆြျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ အတူ ေနထိုင္ၾကရမယ္တဲ့” လို႔ ေျမေခြးက ေျပာလိုက္ပါတယ္။
ထိုအခါ ၾကက္ဖႀကီးကလည္း ျပန္ေမးပါတယ္။
“အဲဒါ တကယ္ပဲလား”
“ဟုတ္တာေပါ့ တကယ္ေျပာတာပါ။ အဲဒါ မွန္မမွန္ သိခ်င္ရင္ မင္းေအာက္ကို ဆင္းလာခဲ့ပါလား” လို႔ ေျမေခြးက ထပ္ေျပာ ျပန္တယ္။
အဲဒီမြာ ၾကက္ဖႀကီးက ဉာဏ္ရွိစြာနဲ႔ “ေကာင္းၿပီေလ၊ အဲဒါဆို ခေဏတာ့ ေစာင့္ႏိုင္တယ္ မဟုတႅား။ တ်ခား သူငယ္ခ်င္းေတြလည္း ထပ္လာၾကလိမ့္မယ္” လို႔ ျပန္ေျဖလိုက္ ပါတယ္။
အဲဒီအခါ ေျမေခြးဟာ အံ့အားသင့္ သြားပါတယ္။
“ဟုတႅား၊ ဘယ္သူေတြ လာၾကအုံးမွာတုန္း”
“အမဲလိုက္ေခြးေတြ လာေနတာ ငါျမင္ေနရတာ။ သူတို႔ကို ခဏေလာက္ ေစာင့္လိုက္ပါအုံး” လို႔ ၾကက္ဖႀကီးက ျပန္ေျဖလိုက္ ပါတယ္။
အမဲလိုက္ေခြးလို႔လည္း ၾကားေရာ ေျမေခြးက လန႔္သြားပါေတာ့တယ္။ ၿပီးေတာ့ ၾကက္ဖႀကီးရွိတဲ့ အပင္ေအာက္ကေန ထြက္ေျပး သြားပါေတာ့တယ္။
ၾကက္ဖႀကီးက ေအာ္ေမးလိုက္ ပါေသးတယ္။
“ဟ ဘာလို႔ ထြက္ေျပးသြားတာတုန္း၊ အမဲလိုက္ေခြးေတြနဲ႔ သူငယ္ခ်င္း မျဖစ္ခ်င္ဘူးလား” လို႔ ေမးလိုက္တယ္။
ထိုအခါ ေျမေခြးက “အဲဒါကို ေမ့လိုက္ေတာ့” လို႔ ေျဖၿပီး ထိုေနရာကေန အလ်င္အျမန္ ေျပးထြက္သြား ပါေတာ့တယ္။ ဉာဏ္ေကာင္းတဲ့ ၾကက္ဖႀကီးကေတာ့ ေျမေခြးစားမယ့္ ေဘးကေန လြတ္ေျမာက္ သြားပါေတာ့တယ္။
ဒီပုံျပင္ေလးက ဉာဏ္ရွိတဲ့အတြက္ အသက္ေဘးက လြတ္ေျမာက္သြားတဲ့ ၾကက္ဖႀကီးကို နမူနာ ျပထားၿပီး ဉာဏ္ပညာရွိျခင္းက မ႐ိုးသား၊ ေကာက္က်စ္စဥ္းလဲ သူေတြကိုေတာင္ ေက်ာ္လႊားႏိုင္ေၾကာင္း သင္ခန္းစာ ေပးထားပါတယ္။
လူတေယာက္မွာလည္း ဉာဏ္ပညာရွိျခင္းက ဘဝတခုလုံးကို မေကာင္းတဲ့သူေတြ၊ ကိုယ့္ကို ဖ်က္ဆီးမယ့္ သူေတြရဲ႕ ေဘးကေန ကယ္ဆယ္ေပးႏိုင္ေၾကာင္း သင္ခန္းစာ ေပးထားပါတယ္။ ဉာဏ္ပညာရွိျခင္းက ဘဝတခုလုံးမြာ အေရးႀကီးပါတယ္။
Credit ~မူရင္း

Post a Comment