သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်

သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင် 


တက္ကသိုလ် ဘုန်းနိုင်

''ချစ်တယ်''ဆိုတဲ့ စကားလေးနှစ်ခွန်းဟာ
တခြားသူတွေအတွက် 
ပြောရတာအရမ်းလွယ်ကူတဲ့ စကားလေးဖြစ်ပေမယ့် 
တစ်ချိူ့သော လူတွေအတွက်တော့
ဘယ်လိုမှ ပြောမထွက်နိုင်တဲ့
အရမ်းကိုခက်ခဲတဲ့ စကားလုံးလေး နှစ်လုံးပင်မဟုတ်လားဗျာ....

လူရယ်လို့ဖြစ်လာကတည်းက
ကိုယ့်အတွက်ကိုယ်မတွေးဘဲ
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ 
လိုအင်ဆန္ဒတွေကို အမြဲဖြည့်စည်းပေးနေပြီး
အရာရာကို ရင်ထဲမှာ မြိုသိပ်ထားရတဲ့
လူတစ်ဦးရဲ့ ခံစားချက်ဟာ
ဘယ်လောက်တောင်ဆိုးရွားလည်းဆိုတာ
ကျွန်တော်အမှန်ပင် ကိုယ်ချင်းစာမိပါသည်
အကြောင်းမှာ ကျွန်တော်ကိုယ်တိုင်ခံစားနေရခြင်းကြောင့်ပင်ဖြစ်သည်

အရာရာကို ထိန်းချူပ်ပြီးနေရတဲ့သူတစ်ယောက်ရင်မှာ ဘယ်လောက်ထိ သောကမီးတွေ
လောင်မြောက်နေလည်းဆိုသည်မှာ
ကာယကံရှင်က လွဲလို့ မည်သူသိနိုင်မည်နည်း

လောက မှာ အာလုံးကို လိမ်လို့ရပေမယ့်
မိမိကိုယ့်ကို မိမိလိမ်လို့မရပါဘူး
ကိုယ်တိုင်က ကိုယ့်ကိုလိမ်လည်ထားခြင်းဟာ
အချိန်ကိုက်မိုင်းတစ်ခုကို ရင်ဝဲပိုက်ထားရသလိုဘဲ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ခံစားမူ့မျိူးပါ
အဆုံးသတ်မှာ သေအောင်ခံစားရမယ့်
အကွက်တွေရယ်ပါ​​ဗျာ
ဒါကြောင့် အတက်နိုင်ဆုံးရိုးသားပါ
ပျော်ရွင်အောင်နေပါ 

ကျွန်တော်တို့လူသားတွေဟာ
တစ်ခါတစ်ရံမှာ
ကိုယ့်ရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ
တခြားသူတွေအတွက်(ကိုယ်ချစ်ရတဲ့သူတွေ)
အတွက်အနှစ်နာခံပေးလိုသည့်စိတ်ရှိကြသည်
ဒါပေမယ့် သူတို့သေချာမစဥ်းစားသည်မှာ
ကိုယ်လုပ်လိုက်သည့်အနှစ်ခံမူမှာ
ကျန်ချစ်ရတဲ့သူတွေအတွက်
အမှန်တကယ် အသုံးဝင်ရဲ့လား
အလုပ်ဖြစ်ရဲ့လားဆိုတာကို ထည့်မစဥ်းတက်ကြပေဘူး
အနှစ်နာခံတိုင်းတော့ ပြသနာကိုဖြေရှင်းရာမရောက်ပါဘူး 

''လူတစ်ယောက်ကို ချစ်ရင်
အချိန်ကြာကြာစောင့်နေပါ ကြာလာရင်
ပြန်ပြီးချစ်လာလိမ့်မယ်''ဆိုတဲ့
အတွေးကို ကျွန်တော်ကန့်ကွက်ပါတယ်
တကယ်ပါ လူဆိုတာ
ကိုယ့်အပေါ် အရာရာကိုနားလည်ပေးပြီး
ဂရုစိုက်နေတဲ့သူထပ်
ကိုယ့်အပေါ်ကိုအမြဲ 
နာကျင်စရာတွေပေးတဲ့ 
လူကိုမှ ပိုပြီးချစ်တက်ကြပါတယ်
ကျွန်တော်ဒီစာအုပ်ထဲမှာ
အကြိုက်ဆုံးစာကြောင်းလေးရှိတယ်
''အချစ်ဆိုတာ ကိုယ်ပေးတိုင်းလည်းသူမရသလို
ကိုယ်ပေးချင်တိုင်လည်း သူမယူပါဘူး''
တကယ်တော့ ကျွန်တော်တို့လူသားတွေဟာ
''အချစ်''ဆိုတဲ့ တူညီတဲ့ခေါင်းစဥ်အောက်ကနေ
မတူညီတဲ့ ချစ်ခြင်း တွေနဲ့ ချစ်နေကြရတာမလားဗျ
သို့သော် ဘယ်relationshipမှာမဆို
ပိုချစ်တဲ့သူက ပိုခံစားရတာပါဗျာ

ကိုယ့်ကိုယ်ကိုရိုးသားပါ
လူတစ်ယောက်မှာအရိုးသားဆုံးအချိန်
နှစ်ချိန်ရှိတယ် 
အချစ်ဦးနဲ့တွေ့တဲ့အချိန်ရယ်
အချစ်ဆုံးတဲ့တွေ့တဲ့အချိန်ရယ်တဲ့
ဆိုတော့ကား 
လူတစ်ယောက်ကိုချစ်တာဟာ
ရာဇဝတ်မူ့မြောက်တဲ့ပြစ်မူ့မဖြစ်ပါဘူး
ဒါကြောင့် ကိုယ်ချစ်တဲ့သူကို
ချစ်တယ်ဆိုတဲ့စကားပြောဖို့
ဝန်မလေးပါနဲ့ဗျာ
အနည်းဆုံးကိုယ်ချစ်နေတာသူသိပါစေဗျာ...

ဒီစာအုပ်လေးက
အရမ်းကိုကောင်းတဲ့စာအုပ်လေးပါဗျာ
ငယ်ဘဝရဲ့ပျော်ရွင်မူ့တွေ
လွတ်လပ်မူ့တွေကို လွမ်းမောစွာ
မြင်ရမယ့်အပြင်
​ကဗျာတွေ
(ငယ်ငယ်ကတည်း ကမြန်မာစာဆို
စကားပြေဘဲအားသန်တဲ့သူမို့
ကဗျာတွေရောက်လာရင်
သာမန်ထပ်ပိုပြီး အားထည့်ပြီး
ကြိုးစားဖတ်ရတယ်
အဓိပ္ပယ်ကိုသိချင်တာကိုး
ဒါကလည်း အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ဘဲ)
သီချင်းကြီးတွေ
တရားသဘောတွေ
နိုင်ငံရေး ဖြစ်စဥ်တွေနဲ့အတူ
မတူညီတဲ့ချစ်ခြင်းမေတ္တာတွေကိုပါ
တစ်ပြိုင်နက်ခံစားရမယ့်စာအုပ်တစ်အုပ်ပါဗျာ

လူအများစုကဒီစာအုပ်ကိုဖတ်ဘူးကြပေမယ့်
မဖတ်ဘူးတဲ့သူတွေအတွက်
zero spoiler လုပ်ပြီး
အတက်နိုင်ဆုံး review ပေးထားပါတယ်ဗျာ
သေချာတယ် ဖတ်ပြီး
mood တစ်ခုခုက ကျန်နေခဲ့မှာ
ကျွန်တော်ဆိုရင်ထဲမှာ
ငိုချင်တာလိုလို စို့နစ်တာလိုလို
ဝမ်းနည်းတာလိုလိုဘဲ
feeling ကြီးက ဘာကြီးမှန်းကိုမသိပါဘူးဗျာ

အကုန်လုံးက ကျွန်တော်တစ်ယောက်တည်းအမြင်မို့
အမှားပါသွားခဲ့ရင်ဖြည့်စွက်နားလည်ပေးကြပါဗျာ

Review by-Ko Nyein Maung
📖🌿
(ခွင့်ပြုချက်ယူပြီး)

------------------

စာအုပ်တန်ဖိုး-15000ကျပ်

စာအုပ်ကိုသဘောကျ ဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်💌

Post a Comment

Previous Post Next Post

Comments