တကယ်တော့....
လူတွေ ငိုကြတယ်ဆိုတာ
စိတ်ပျော့လို့ အားနည်းတတ်လို့ရယ် မဟုတ်ပါဘူး ။
သည်းခံနိုင်ရတဲ့ နေ့ လ ရက်တွေ
သန်မာချင်ယောင်ဆောင်ခဲ့တဲ့ နေ့ လ ရက်တွေ
ရှည်ကြာလာလို့ပါပဲ ။
ငါ ဒီလောက်ပဲ သည်းခံနိုင်တော့တယ် ။
ငါ ဒီထက် ဟန်မဆောင်နိုင်တော့ဘူးလို့
လွှတ်ချလိုက်တဲ့နောက်မှာတော့
အားလုံးဟာ အရုပ်ကြိုးပြတ်ဖြစ်သွားကြတာပါပဲ ။
ဒါကြောင့် လူတွေငိုကြတယ်ဆိုတာ
စိတ်ဓာတ်ပျော့ညံ့ပြီး အားငယ်တတ်လို့မဟုတ်ဘဲ
သန်မာသင့်သလောက် သန်မာခဲ့ပြီး
သည်းခံသင့်သလောက် သည်းခံခဲ့ပြီးပြီမို့ပါပဲ ။
သွေးအေးခြင်းသို့ မရောက်ခင် တဒင်္ဂကာလများပါပဲ ။
#Mo

Post a Comment