အရှုံးပေးတာ များတော့
လူတွေက အနိုင်ယူချင်ကြတယ်
ခေါင်းငုံ့ခံပေးတာ များတော့
လူတွေက တက်နင်းချင်ကြတယ်
သည်းခံပေးတာ များတော့
လူတွေက စော်ကားဖို့အတွက်
ထပ်ကြိုးစားကြတယ်
ခွင့်လွှတ်ပေးတာ များတော့
လူတွေက ထပ်မှားဖို့ ပြင်ဆင်ကြတယ်
လိုက်လျောပေးတာ များတော့
လူတွေက ငပေါလို့ ထင်ကြတယ်
စေတနာထားပေးတာ များတော့
လူတွေက ရတဲ့ အခွင့်ရေးကို အသုံးချကြတယ်
အခု တော်သင့်ပါပြီ
အရှုံးပေးခဲ့တာတွေ
ခေါင်းငုံ့ခံပေးခဲ့တာတွေ
သည်းခံပေးခဲ့တာတွေ
ခွင့်လွှတ်ပေးခဲ့တာတွေ
လိုက်လျောပေးခဲ့တာတွေ
စေတနာထားပေးခဲ့တာတွေ
(အားလုံးက သဲထဲ ရေသွန်သလိုပါပဲ)
လိုတာထက်ကို ပိုကောင်းပေးခဲ့တာတောင်
ယလူတချို့က ကိုယ့်အတွက် တစ်ကြိမ်လောက်
ပြန်ကောင်းပေးဖို့အတွက် ဝန်လေးကြတယ်
ဒါပေမဲ့ အပြစ်မတင်ပါဘူး
အပြစ်လည်း မမြင်ရက်ခဲ့ဘူးလေ
သူတို့ ပေးလိုက်တဲ့ သင်ခန်းစာ က
ကိုယ့်အနာဂတ် အတွက်တော့
တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုလို့
သတ်မှတ်လိုက်ပါတယ်........
Credit-OriginalWriter

Post a Comment