လူတိုင်းက ကိုယ် မဟုတ်ဘူး ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့

💌
 လူတိုင်းက
 ကိုယ် မဟုတ်ဘူး ဆိုတာ
 ဘယ်တော့မှ မမေ့ပါနဲ့
 🎯


 ရိုးလွန်းနေရင်လည်း
 မင်းအလိမ်ခံရလိမ့်မယ်
 အ,လွန်းနေရင်လည်း
 မင်းကို လိုသုံး လုပ်လိမ့်မယ်
 🎯
 ရိုးသားတာ
 အပြစ်တစ်ခု မဟုတ်ပေမယ့်
 အ,လွန်းလို့ အသုံးချ ခံနေရမှန်း
 မသိရင်တော့
 မင်းအပြစ် ဖြစ်သွားပြီ
 🎯
 စေတနာကောင်းရင်
 ကံကောင်းတယ်ဆိုတဲ့ စကားက
 လူတိုင်းအတွက် မဟုတ်မှန်း
 မသိ ချိန်မှာ
 မင်းအပြစ် မဟုတ်ပေမယ့်
 🎯
 ကျောချ မှ ဓါးပြမှန်း သိချိန်မှာတောင်
 အသိတရား မရသေးဘူး ဆိုရင်တော့
 စေတနာဆိုတဲ့စကားကို
 မင်း အလွဲသုံးစား လုပ်မိပြီ
 🎯
 သူတို့ မရှိရင် မဖြစ်ဘူးလို့ တွေးနေသ၍တော့
 ကိုယ့်ဘဝက သူတို့အတွက်
 ဖြစ်နေဦး မှာပဲ
 🎯
 ကိုယ်မရှိရင် မဖြစ်ဘူးလို့ ထင်နေသ၍တော့
 ကိုယ့် အချိန်တွေက သူတို့အတွက်
 ဖြစ်နေဦး မှာပဲ
 🎯
 လောကမှာ
 ဘောလုံးတစ်လုံးလို မင်းနေရင်
 သူတို့က မင်းကို ကန်ကြလိမ့်မယ်
 🎯
 ခြေသုတ်အခင်းလို မင်းနေရင်
 သူတို့က မင်းကို တက်နင်းကြလိမ့်မယ်
 🎯
 ဦး ထုပ် တစ်လုံးလို မင်းနေရင်
 သူတို့က မင်းကို
 ခေါင်းပေါ်တင်ထားကြလိမ့်မယ်
 🎯
 ဒါကြောင့်...
 မင်းတန်ဖိုးကို
 မင်းကိုယ်တိုင် သတ်မှတ်ပါ
 🎯
 ကိုယ့် ကိုယ်ကို
 တန်ဖိုး မထားတတ်ခဲ့ရင်တော့
 သူတို့က
 မင်းရဲ့တန်ဘိုးကို
 ဖြတ်သွား ကြပါလိမ့်မယ်... ။

🌸🌸🌸🌸🌸
#Credit

Post a Comment

Previous Post Next Post

Comments