"ရင်ဆိုင်မယ်"

"ရင်ဆိုင်မယ်"
➖➖➖➖➖➖


လောကဓံရဲ့ ထိုးချက်တွေမှာ
 လဲ ပြိုနေလို့မဖြစ်ဘူး...
သင့် အနောက်မှာ အမှီပြုနေတဲ့
 သံယောဇဥ်တွေရှိသေးတယ်....။

လောကဓံရဲ့ လှည့်ကွက်တွေမှာ
ပျော့ညံ့နေလို့ မဖြစ်ဘူး...
ဒီတစ်ခါပြီးရင် နောက်ထပ်တစ်ကြိမ်ကြုံရမယ့်
လောကဓံအတွက် ခွန်အားတွေရှိနေဖို့လိုတယ်...။

လူရယ်လို့ဖြစ်လာရင် ဒုက္ခနဲ့မကင်းကြပါဘူး
ထိုင် ညည်းနေလို့ မပြီးတဲ့သံသရာမှာ
အလျော့မပေးပဲ ရင်ဆိုင်ဖို့ သတ္တိတွေရှိနေဖို့လိုတယ်
မဟုတ်လား...။

လဲကျတိုင်း ပြန်ထ
တွဲထူတာကိုစောင့်မနေနဲ့ နောင်တတွေနဲ့ အချိန်မကုန် နေ နဲ့ အတိတ်မှာပဲ နွံနစ်မနေနဲ့....။

ပစ်စုနျပ်ပါနျမှာ အကောင်းဆုံးရှင်သန်ပါ။
အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ပုံဖော်လိုက်ပါ ။ရင်ဆိုင်ဖို့ ဇွဲတွေ ရှိနေရင် ပင်လယ်ပြင်က ရေလှိုင်းကလေးတွေတောင် ကျောက်ဆောင်တွေ ပြိုတဲ့အထိ တိုက်ခိုက်နိူင်ကြသေးတာပဲ...အရာရာမှာ စွမ်းဆောင်နိူင်စွမ်းရှိနေရင် သင်ဘာမဆိုရင်ဆိုင်ဖြေရှင်းနိူင်မှာပါ အားမလျော့လိုက်ပါနဲဲ့...။

လေးစားစွာဖြင့် 
MayHsu(ရာမညမြေ)
Credit #မေဆုရာမညမြေအတွေးရသစာစုလေးများ

Post a Comment

أحدث أقدم

Comments